ကစားသမားဘဝကန့်လန့်ကာအချကို လီဝန်ဒေါစကီးဘယ်လိုဆုံးဖြတ်မလဲ

ဘယ်လိုစံချိန်တွေကို  လီဝန်ဒေါစကီး ချိုးခဲ့ပါတယ်ဆိုတာထက် ၊ သူမချိုးရသေးတဲ့စံချိန်ဘာရှိလဲလို့မေးတာက ပိုပြီးမှန်မယ့်တိုက်စစ်မှုးတစ်ယောက်လို့ တင်စားရင် ငြင်းမယ့်သူရှားပါလိမ့်မယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတစ်ယောက် ၊  အသက် ၃၃ နှစ်ရောက်လာချိန်မှာ  ဂိုးပေါင်း ၆၀၀ ကျော်ထိသွင်းယူထားတဲ့တိုက်စစ်မှုးတစ်ယောက် ရာသီကုန်မှာတော့ လက်ရှိကစားနေတဲ့အသင်းကနေထွက်ခွာဖို့အကြောင်း ဖန်နေပါတယ်။  ၈ ရာသီတိုင်တိုင်လက်တွဲခဲ့တဲ့ဘိုင်ယန်နဲ့သူန့ကြားမှာ စာချုပ်သစ်အတွက်သဘောတူညီမှုမရသေးပါဘူး။  ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ရီးရဲ​ ၊  ပီအက်စ်ဂျီနဲ့   အာဆင်နယ်အသင်းတွေက လီဝန်ဒေါစကီးကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။  ထို ၃ သင်းထဲမှာ  ရီးရဲ နဲ့ ပီအက်စ်ဂျီတို့ဟာ ဆွေးနွေးမှုအချို့စတင်ပြီးပြီလို့ ဆိုပါတယ်။  အာဆင်နယ်ကတော့ စောင့်ကြည့်နေရုံဖြစ်ပါတယ်။  ဘိုင်ယန်တို့ဟာ ဟာလန်းကိုခေါ်ယူဖို့ရေပန်းစားတဲ့အသင်းတွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။  သူနဲ့အပြိုင်ဖြစ်နေတဲ့ ချဲလ်ဆီးအသင်းဟာ ရုတ်တရက်ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာခဲ့တာကြောင့်  နော်ဝေသားလေးကိုခေါ်ယူရေးမှာ နောက်ဆုတ်သွားကောင်း နောက်ဆုတ်နိုင်ပါတယ်။  ဘွန်ဒက်စ်လီဂါမှာ ကစားသမားတစ်ယောက်နာမည်ကျော်လာတိုင်း အချိန်တန်ရင်ဘိုင်ယန်ရောက်တယ်ဆိုတဲ့ အစဥ်အလာကို ဟာလန်းတစ်ယောက်ဆက်ထိန်းဦးမလားကြည့်ရပါမယ်။  လီဝန်ကိုယ်တိုင်လဲ တစ်ချိန်က... Continue Reading →

ရီးရဲလ်ကိုချစ်ပေမယ့် PSG အသင်းအတွက်သာပေးဆပ်မယ်လို့ ပြောလာတဲ့ ရာမို့စ်

ဘာတွေဖြစ်လို့ဖြစ်သွားမှန်းကိုမသိပါဘူး။ ကျွန်တော် ကြားတာက ယူနိုက်တက်နဲ့ကန်ရပြီဆိုပြီးတော့ပါ။ ဒီအသင်းက ငါကြိုက်တဲ့အသင်းဘဲ ဆိုပြီးစိတ်လူပ်ရှားတုန်းဘဲ ရှိသေးတယ်.. ရာမို့စ်ဟာ ရီးရဲမက်ဒရက်အသင်းမှာဘဲ ဘောလုံးက စားသမားဘဝကိုအဆုံးသတ်ပြီးအနားယူချင်တာပါ။ ရီးရဲလ်အသင်းရဲ့မူအရ သက်ကြီးကစားသမားတွေ ကို ပေးချေတဲ့လစာ၊ အသုံးပြုတဲ့အနေအထားတွေဟာ ရာမို့စ်လို့ကစားသမားတ​ယောက်အတွက် အဆင်မပြေတော့ပါဘူး။ ဒါကြောင့် သူ့ကို ငွေကြေးအရအ​ပြင် ဆက်ဆံရေးမှာရော တလေးတစားဖိတ်ခေါ်ခဲ့တဲ့ PSG ကိုပြောင်းရွေ့ခဲ့တာပါဘဲ။ အသက်ကြီးလာလေ လေးစားခံချင်လာတာလဲ ဖြစ်နိုင်တာပေါ့။စိတ်မကောင်းစရာတခုက ရာမိုစ့်ဟာ PSG အသင်းတွက်ဒဏ်ရာကြောင့် (၁)ပွဲပဲကစားထားရပါသေးတယ်။အ ခုတော့လေ့ကျင့်ခန်းတွေပြန်ဆင်းနေနိုင်ပြီလို့ သတင်းတွေအရသိရပါတယ်။ ဆက်လက်ပြီး အသင်းဟောင်နဲ့ လက်ရှိကစားနေတဲ့ အသင်းတို့ တွေ့ ဆုံလာမယ့်အခြေအနေတွေကို ပြောပြသွားခဲ့ပါတယ်။ '' ကျွန်တော် ရီးရဲလ် အသင်းနဲ့မတွေ့ချင်ပါဘူး။ အထူးသဖြင့် ဒီလိုအဆင့်မျိုးမှာဆိုပိုပြီး တောင်မတွေ့ချင်ပါဘူး။ ဒါဟာအမှန်တရားဆိုတာထက် ကိုယ်အရမ်းချစ်ရတဲ့အသင်းတသင်းဖြစ်လို့ပါ။ ဒါပေမယ့်မတတ်နိုင်ပါဘူး။ ဘယ်အသင်းကိုဘဲဖြစ်ဖြစ် PSG အသင်းအတွက်ပဲ... Continue Reading →

မန်စီးတီးနဲ့ပီအက်စ်ဂျီ အသင်းတို့ရဲ့အဖြစ်ကို လှောင်ပြောင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဂုဏ်ထူးဆောင်ဥက္ကဌ

ဂျာမနီထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌ အူလီဟိုးနက်စ်က မန်ချက်စတာစီးတီးအသင်းရဲ့ငွေကြေးသုံးစွဲမှုတွေအပေါ် အကြီးအကျယ်ဝေဖန်ပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီ အသင်းတွေကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ဂျာမနီသားတွေရဲ့ ဝေဖန်မှုတွေကြောင့် ဘိုင်ယန်မြူးနစ်နဲ့မန်စီးတီးအသင်းကြားမှာ တင်းမာမှုတွေ များလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်တွေရဲ့ ၅၀+၁ ပိုင်ဆိုင်မှု ပုံစံနဲ့ အသင်းကိုအုပ်ချုပ်လည်ပတ်နေတာဖြစ်ပေမယ့် မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းက‌‌တော့ သူတို့ရဲ့ ပိုင်ရှင်ဘီလျံနာသူဌေးတွေရဲ့ ငွေကြေးတွေနဲ့အတူ အပြောင်းအရွှေ့ဈေးကွက်တွေမှာ ကစားသမားကောင်းတွေကို ငွေကြေးပုံအောသုံး ၀ယ်ယူခဲ့ကြပြီး ဥရောပဘောလုံး ‌ဈေးကွက်ကို အတူတကွဖျက်စီးခဲ့ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်မှာ မန်စီးတီးနဲ့ ပီအက်စ်ဂျီ နှစ်သင်းစလုံးက ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်ခဲ့ပေမယ့် ၂၀၂၀မှာပီအက်စ်ဂျီက ဘိုင်ယန်ကိုရှုံးနိမ့်ခဲ့ရသလို ၂၀၂၁မှာလည်း မန်စီးတီးက ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဟူလီဟိုးနက်စ်ကတော့ သူတိုအသင်းတွေရဲ့ ရှုံနိမ့်မှုတွေအပေါ် ပျော်ရွှင်မိတယ်လိုပြောပါတယ်။ “ဒီလောက်ကြာခဲ့တာတောင်... Continue Reading →

Website Powered by WordPress.com.

Up ↑