နောက်ဆုံးရ အာဆင်နယ် သတင်းများ (16Nov-12pm)

အန်ကတ်တီယာဖက်က အသင်းပြောင်းဖို့သာဆုံးဖြတ်ထားခဲ့ပြီ အသင်းဖက်က အနာဂတ်အစီအစဥ်တွေမှာပါဝင်တယ်လို့ အတည်ပြုပေးထားပေမယ့်  တိုက်စစ်မှုးအန်ကတ်တီယာ အသင်းပြောင်းရွှေ့ဖို့ပဲဆုံးဖြတ်ပြီး အာဆင်နယ်ကိုအသိပေးထားကြောင်း  The Daily Mail ကဖော်ပြလာပါတယ်။ ဒီရာသီခြေစွမ်းပြဖို့ရုန်းကန်နေရပေမယ့်  အာတီတာက တိုက်စစ်မှုးလေးရဲ့တိုးတက်မှု အခြေအနေကိုစောင့်လိုခဲ့တာပါ။  ဒါပေမယ့်လည်းကစားသမားဖက်ကပြောင်းရွေ့ဖို့ပဲ ပိုအားသန်နေခဲ့တာဖြစ်ပါတယ်။ ဆမ်ဘီဟာ ယာယာတိုရေးလက်သစ်ပါ - ကွန်ပနီ မန်စီးတီးနဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီက အာဆင်နယ်ကွင်းလယ်လူ ဆမ်ဘီလိုကွန်ဂါကို ယာယာတိုရေးလက်သစ်လို့ တင်စားသွားခဲ့ပါတယ်။ လက်ရှိအင်ဒါလက်ချ်နည်းပြဖြစ်တဲ့ ကွန်ပနီက ဖာဒီနန်ရဲ့  Vibe with Five YouTube channel နဲ့တွေ့ဆုံရာမှာ  “   ကျွန်တော် ရောက်လေရာနေရာကနေ ဆမ်ဘီကစားတာကို စောင့်ကြည့်ခဲ့ပါတယ်။  တစ်ပွဲနှစ်ပွဲ‌လောက် ကစားပြီးတဲ့နောက် သူဒဏ်ရာ ရသွားခဲ့တယ် ။ သူကစားတာကိုတွေ့တွေ့ခြင်းထဲက  ပက်ပ်ကိုရော အာတီတာကိုပါ ဆမ်ဘီဟာ တိုရေးလက်သစ်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြောခဲ့ပေမယ့် ဘာမှတော့ဖြစ်မလာခဲ့ပါဘူး။   ... Continue Reading →

Website Powered by WordPress.com.

Up ↑