သူကကျွန်တော့်ကို ခေါ်ယူခဲ့တယ်။ ယူနိုက်တက်လို ကြီးကျယ်ခန်းနားတဲ့အသင်းမှာ ကစားခွင့်ပေးခဲ့တယ်။ အိမ်မက်တွေကို လက်တွေ့ဖြစ်လာစေခဲ့တယ် လို့ Sky Sports ကိုဘရူနိုကပြောပါတယ်။ သူကတကယ့်ကို ကြီးကျယ်ခန်းနားတဲ့လူသားတစ်ဦးဖြစ်သလို အားလုံးလဲ ဒါကိုသိရှိထားပါတယ် လို့ဆက်လက်ဖြည့်စွက်ပြောသွားခဲ့တာပါ။ ဆိုးရှားဟာ အသင်းကို ကြီးမားတဲ့တိုးတက်မှုတွေယူဆောင်လာသူဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် ချီးကျူးခံရဖို့သင့်ကြောင်း ပေါ်တူဂီကွင်းလယ်လူကပြောလိုက်တာဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးကြီးမားမားရှိထားတဲ့အသင်းတစ်သင်းရဲ့ထိပ်ဆုံးနေရာဆိုတာကတော့ ပူလောင်မှုတွေရှိနေမှာဖြစ်သလို အိုလီကိုယ်တိုင်ရဲ့အားနည်းချက်တွေကလည်း သူ့ကိုယ်သူပါပိုဆိုးစေပါတယ်။ ဒါပေမယ့် ဘရူနိုကတော့ မြို့ခံပြိုင်ဘက်နဲ့ပွဲမတိုင်ခင်မှာ အခုလိုထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။ ဆိုးရှားဟာ နောက်ဆုံးပွဲစဥ် ၁၀ ပွဲမှာတော့ ၄ ပွဲရှုံး ၂ ပွဲသရေ နဲ့ ၄ ပွဲနိုင်ထားပါတယ်။ ယူနိုက်တက်လိုအသင်းတစ်သင်းအတွက် ဒီအရာတွေက မလုံလောက်ခဲ့တာ သူကိုယ်တိုင်လဲသိမှာပါ။ ပိုဆိုးချင်တော့ နိုင်ငံတွင်းရာဇဝင်ပြိုင်ဖက် လီဗာပူးကိုလည်း အိမ်ကွင်းမှာ ၀-၅ နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ ပရိတ်သတ်တွေက ဖြစ်ချင်တဲ့ရလဒ်တွေဖြစ်မလာတဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်ကြတယ်ဆိုတာပုံမှန်ပါပဲ။ ဒီလိုအခြေအနေတွေအတွက်... Continue Reading →