ရှင်သန်လာသောအသင်း .. ရှင်သန်လာသော တိုက်စစ်မှုး

ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ပရိတ်သတ်ဖြစ်တဲ့ အစီအစဥ်တင်ဆက်သူ ပီးယားစ်မော်ဂန်က အူဘာမီယန်ကို သတိရကြောင်းပြောဆိုလာခဲ့ပါတယ်။  ကာယကံရှင်ဖြစ်တဲ့ အူဘာကတော့   အရာအားလုံးက ကောင်းဖို့ဖြစ်လာကြောင်း၊ ခွဲခွာခြင်းဆိုပေမယ့် နှစ်ဖက်စလုံးအတွက်အဆင်ပြေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။  ဒါပေမယ့် မော်ဂန်ရဲ့ ချီးကျူးသံဟာ တစ်ပတ်အကြာမှာပဲ နောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါတယ်။ ဘာစီလိုနာတို့ဟာ လုံးဝထင်မှတ်မထားတဲ့ရလဒ်အဖြစ် အယ်ကလပ်စီကိုပွဲမှာ ရီးရဲမက်ဒရစ်ကို ၀ - ၄ နဲ့အပြတ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ရူးသွပ်လောက်တဲ့အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ဖယိုဖရဲဖြစ်ပြီး တစစီပြန်ကောက်ထားရတဲ့ အခြေအနေကအသင်းတစ်သင်းဟာ နတ်ရေကန်ထဲကျတဲ့အလားပြန်လည်ရှင်သန်လာခဲ့တာဖြစ်ပါတယ်။ နည်းပြသစ်ဇာဗီ ၊ အသစ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့အတူ ရလဒ်တွေဆက်တိုက်ပြန်ကောင်းလာရာကနေ  ရီးရဲကိုပါ  ၄ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။​ ဒီနေရာမှာ နတ်ရေကန်ထဲကျခဲ့တာ ဘာစီလိုနာနဲ့အတူ တိုက်စစ်မှုး အူဘာမီယန်လဲ ပါဝင်ပါသေးတယ်။  အာဆင်နယ်အသင်းနဲ့အတူ စည်းကမ်းပိုင်း ပြသနာတွေတက်တဲ့အပြင် ခြေစွမ်းကပါ သိသိသာသာယိမ်းယိုင်နေခဲ့တဲ့  ဂါဘွန်တိုက်စစ်မှုးကြီးဟာ ဘာစီလိုနာမှာတော့ ခြေစွမ်းပြရုံအပြင် ဂိုးတွေပါသွင်းနေပြိဖြစ်ပါတယ်။ ... Continue Reading →

အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေစိတ်ဝင်စားနေကြတဲ့ နူနက်စ်

ယခုရက်ပိုင်းအာဆင်နယ်အသင်းနဲ့နာမည်ထွက်နေတဲ့တိုက်စစ်မှုးတွေထဲ ကစားသမားအသစ်  ၂ ယောက်ပါဝင်လာပါတယ်။ တစ်ဦးကတော့ မန်စီးတီးရဲ့ ဂျေးဆူဖြစ်ပြီး ၊ နောက်တစ်ဦးကတော့ ဘင်ဖီကာရဲ့ ဒါဝင်နူနက်စ်ဖြစ်ပါတယ်။ ဂျေးဆူရဲ့ ပါဝင်လာပုံကတော့ ဖာဒီနန်ရဲ့ မှတ်ချက်အပေါ်မှာ  ၂၀၁၉ ခုနှစ်တုန်းက အာတီတာအပေါ်ပေးဖူးတဲ့ သူ့ရဲ့မှတ်ချက်ကို ပြန်ကိုးကားပြီးရေးသားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် နူနက်စ်နဲ့ပတ်သတ်တဲ့သတင်းတွေကတော့  အာဆင်နယ်ဖက်က သွားရောက်ချိတ်ဆက်နေတယ်ဆိုတာကနေ စတင်လာတာဖြစ်ပါတယ်။  ဒါကြောင့် နူနက်စ်ရဲ့အကြောင်း ၊ အပြောင်းအရွှေ့ရဲ့အလားအလာတွေကို ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။​ လူးဝစ်ဆွာရက်ဇ်နဲ့ ခိုင်းနှိုင်းခံရတဲ့ အသက် ၂၂ အရွယ်တိုက်စစ်မှုးလေးဟာ ကစားသမားဘဝမှာ  ပွဲပေါင်း ၁၃၅ ပွဲကစားထားပြီး ဂိုးပေါင်း ၅၉ ဂိုးလည်းသွင်းယူထားပြီးဖြစ်ပါတယ်။ စပိန်ဒုတိယတန်းမှာလည်း ကစားခဲ့ဖူးပေမယ့် သူ့နာမည်ထိုးထွက်လာတာကတော့ ဘင်ဖီကာနဲ့သာဖြစ်ပါတယ်။ အတွေ့အကြုံနဲ့ အသက်အရွယ်အရတော့ ပိုအဆင့်မြင့်တဲ့ပြိုင်ပွဲတွေဆီကို ခြေလှမ်းပြင်ဖို့ အချိန်ကျနေပြီလို့ဆိုနိုင်ပါတယ်။  တဖက်မှာလည်း ဥရောပအသင်းကြီးတွေရဲ့ ရေဒါအောက်မှာ သူရှိနေတာ... Continue Reading →

မီလန်နဲ့အတူ ဆုဖလား တစ်ခုခု မဆွတ်ခူးနိုင်ပဲ အနားယူသွားမှာမဟုတ်ပါဘူး – ဇလာတန်

အသက် ၄၀ အထိစွမ်းနေဆဲ ဇလာတန်ကတော့  ဆုဖလားတွေအတွက် အသင့်ရှိနေဆဲဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံးအင်တာဗျူးမှာ သူ့ရဲ့ခံယူချက်ကို အခုလိုပဲထုတ်ပြောသွားခဲ့ပါတယ်။ “  ကျွန်တော်ဒီအသင်းမှာရှိချင်တယ်  .. ကူညီချင်တယ်။  ကျွန်တော်ရောက်လာပြီးတဲ့နောက်မှာ အသင်းအတွက်ကြီးမားတဲ့အောင်မြင်မှုတွေအများကြီးရခဲ့ပါတယ်။  အခုတော့ လိုတာတစ်ခုပဲရှိပါတော့တယ်။ အဲ့တာက ဆုဖလားပါပဲ။  ဒီအတွက်လဲ တသင်းလုံးက ကြိုးစားကစားနေကြပါတယ်။  မီလန်အသင်းနဲ့အတူ ဆုဖလား တစ်ခုခု မဆွတ်ခူးနိုင်ပဲ  ကစားသမားဘဝကအနားယူသွားမှာမဟုတ်ပါဘူး “  လို့ သတင်းထောက်တွေကိုဖြေသွားခဲ့တာပါ။ ဆွီဒင်နတ်ဘုရားကြီးဟာ ၂၀၁၁ ခုနှစ်တုန်းက မီလန်နဲ့အတူ စကူဒက်တိုကိုကိုင်မြှောက်နိုင်ခဲ့သလို ၊ နောက်တစ်နှစ်မှာ ကိုပါ အီတလီယာကို အရယူနိုင်ခဲ့သူဖြစ်ပါတယ်။  ဒါပေမယ့်   လက်ရှိ ပီအိုလီရဲ့အသင်းကတော့ ဘာဆုဖလားမှ မရရှိတာ ၂၀၁၉ ခုနှစ်ကတည်းကပါပဲ။  ဒီအခြေအနေကို အဆုံးသတ်နိုင်ဖို့တော့  မီလန်သားတွေအနေနဲ့ အခုထက်ပိုပြီးကောင်းမွန်တဲ့ စုဖွဲ့မှုလိုအပ်နေပါသေးတယ်။ အရံအင်အားနဲပါးမှုကလဲ မီလန်တို့အတွက်ပြသနာတစ်ခုဖြစ်နေပြန်ပါတယ်။... Continue Reading →

ပွဲထွက်ခွင့်ရဖို့ ပေပေ ဘာထပ်လုပ်ပြဖို့လိုဦးမလဲ

အာဆင်နယ်ရဲ့စျေးအကြီးဆုံးကစားသမားပေပေကတော့ ဝုဗ်နဲ့ပွဲမှာ ရသလောက်မိနစ်လေးအတွင်း ခြေစွမ်းပြသွားခဲ့ပါတယ်။ အာဆင်နယ်ရဲ့ အိမ်မက်နဲ့အသဲနှလုံးကို ကိုင်လှုပ်လိုက်တဲ့ စွမ်းဆောင်မှုတွေနဲ့ပေါ့။​ဒီတောင်ပံကစားသမားက အာတီတာ ဒီရာသီမှာ ရွေးချယ်ထားတဲ့သူတော့မဟုတ်ခဲ့ပါဘူး။  အောက်တိုဘာလမှာ အသင်းအတွက်ကစားပေးပြီးတဲ့နောက် AFCON ဆီကိုရောက်သွားခဲ့တာပါပဲ။ ဒါပေမယ့်  ကင်မရွန်းကနေ နိုင်ငံပွဲတွေကစားပြီး ပြန်အလာမှာတော့ အာတီတာကိုယ်တိုင်ဖွင့်ပြောယူရတဲ့အထိ သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ သူကိုယ်တိုင်လဲ အကောင်းဆုံးတွေလုပ်ပြဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။ ဝုဗ်နဲ့ပွဲအပြီးမှာတော့ ပေပေနဲ့ပတ်သတ်ပြီး အာတီတာရဲ့မှတ်ချက်က အခုလိုပဲဖြစ်ပါတယ်။ “  မတူညီတဲ့နီကိုးကို မြင်ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်ပြီးခဲ့တဲ့အပတ်ကပြောခဲ့ပြီးသားပါဗျာ။ သူ့ရဲ့ စွမ်းအားတွေ ၊ ပျော်ရွင်နေပုံတွေ ၊ တကွင်းလုံးလိုက်ကစားပေးတာတွေ​၊ သူဘယ်လိုလေ့ကျင့်တယ် ဆိုတာတွေ .. ဒီလိုနဲ နီကိုးက သူ့ကို ထည့်ကစားစေဖို့ ကျွန်တော့်စိတ်ကိုဆွဲဆောင်တော့တာပါပဲ  “  လို့အသင်းအပေါ်အထောက်အကူပေးမှုကို ပြောဆိုလာတာပါ။ ပေပေအတွက်အခွင့်အရေးကောင်းတွေက အာဆင်နယ်တို့  ၀ - ၁ နဲ့ရှုံးနိမ့်နေချိန်မှာရောက်ရှိလာပါတယ်။ ... Continue Reading →

“လူကာကူဟာ ဟယ်ရီကိန်းနဲ့ နှိုင်းယှဉ်လို့မရသေးပါဘူး” –  ဟယ်ရီရက်ပ်နက် 

စပါးနဲ့အင်္ဂလန်မန်နေဂျာဟောင်းဖြစ်သူ ဟယ်ရီရက်နက်က‌တော့ လူကာကူဟာ ဟယ်ရီကိန်းရဲ့ အဆင့်မရှိသေးဘူးလို့ ဆိုလာခဲ့ပါတယ်။  ချဲလ်ဆီးနဲ့စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မတိုင်မီမှာ ရက်နက်က ခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ဘယ်လ်ဂျီယံတိုက်စစ်မှုးဟာ ချဲလ်ဆီးကို တဖန် ပြောင်းရွှေ့လာခင်က ဘယ်လ်ဂျီယံနဲ့အင်တာမီယန်အသင်းတွေအတွက် ဂိုးသွင်းစက်တစ်လုံး ဖြစ်ခဲ့တာပါ။ ချဲလ်ဆီးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီးချိန်မှာတော့ ပရိသတ်တွေဟာ သူ့အပေါ် မျှော်လင့်ချက်ကြီးစွာထားခဲ့ကြပါတယ်။  ဘောလုံးသုတေသီတွေကလည်း ချဲလ်ဆီးရဲ့ပရီးမီယားလိဂ်ချန်ပီယံအိပ်မက်အတွက် လူကာကူဟာ အရေးပါတဲ့သူဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရာကနေ အသင်းရဲ့ပွဲစဉ်တွေမှာ ပြန်လည် ပါ၀င်ခဲ့ပြီး နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်  အီတလီကိုပြန်ချင်တယ်လို့ ၀န်ခံခဲ့တဲ့ သူ့ရဲ့အင်တာဗျူးလ်ဟာ မီဒီယာစာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ တူချယ်က သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး လူကာကူဟာ သူရဲ့လုပ်ရပ်အပေါ် တူချယ်၊ ကစားဖော်နဲ့ ပရိသတ်တွေကို လူသိရှင်ကြား ပြန်တောင်းပန်ခဲ့တာတွေကို ပရိသတ်တွေ သိပြီးသား... Continue Reading →

မနက်ဖြန်ပဲ သူ့ကိုခေါ်လိုက်ပါ – ဒါရင်းဘန့်

စပါးတိုက်စစ်မှုးဟောင်းလဲဖြစ် ၊ လက်ရွေးစင်တိုက်စစ်မှုးဟောင်းလဲဖြစ်တဲ့  ဒါရင်းဘန့်ကတော့  ကဲဗက်လီဝင်ကို ခေါ်ဖို့အခွင့်အရေးသာရှိရင် မနက်ဖြန်ပဲခေါ်လိုက်တော့လို့ ဆိုလိုက်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်မှုးရှာပုံတော်က သိပ်ကိုကျယ်ပြန့်နေခဲ့ပါပြီ။ လာလီဂါဖက် ၊  စီးရီးအေဖက် ၊ ပရီးမီးယားလိဂ်ဖက် ၊ ပြင်သစ်လီဂူးဖက် ၊ ဒါတွေကျော်လွန်လို့ ရုရှားလိဂ် နဲ့ ဆွစ်ဇာလန်ဖက်လဲရောက်တယ်၊ ဘရာဇီးဖက်လဲရောက်တယ်။  အခုတော့ ပြည်တွင်းဖြစ်ကယ်ဗက်လီဝင်နဲ့ သတင်းထွက်လာခဲ့ပြန်ပြီ။ မနေ့ကဖော်ပြတဲ့  The Times ရဲ့အဆိုအရတော့ အာဆင်နယ်တို့ဟာ လီဝင်ကိုတကယ်စိတ်ဝင်စားနေကြပြီး နွေရာသီမှာခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။  မနှစ်က ၂၁ ဂိုးသွင်းယူထားတဲ့  တိုက်စစ်မှုးဟာ ဒီရာသီမှာတော့  ဒဏ်ရာကြောင့်နားနေရချိန်များပြီး ၃ ဂိုးသာသွင်းယူထားနိုင်ပေမယ့်  လိဂ်မှာတော့ ကျော်ကြားမှုရှိနေဆဲဖြစ်ပါတယ်။ အဲဗာတန်က သူတို့တိုက်စစ်မှုးအတွက် ပေါင်သန်း ၅၀ လိုချင်နေပါသတဲ့။ အာဆင်နယ်ပရိတ်သတ်ဖြစ်တဲ့ ဘန့်ကတော့ အခုလိုပဲပြောပါတယ်။ အခွင့်အရေးရရင် မနက်ဖြန်သာခေါ်ဗျာ ။ သူဘာလုပ်ပေးနိုင်တယ်ဆိုတာသိနေတာပဲကို။ ... Continue Reading →

အလားအလာကောင်းတဲ့လူငယ်မှသည် ကြယ်ပွင့်သစ်ဆီသို့

“ သူ့မှာကောင်းမွန်တဲ့အစွမ်းအစတွေရှိနေပါတယ်။ ဒီလိုပဲ အနာဂတ်ကောင်းကောင်းလဲရှိနေပါတယ်။ ဒါတွေအားလုံးလက်တွေ့ဖြစ်လာဖို့ကတော့ သူ့ပေါ်ပဲမူတည်နေပါတယ် “ ဒီစကားကိုဆိုလိုက်သူက နတ်ဘုရားကြီးဇလာတန်ဖြစ်ပြီး  မီလန်ရဲ့တောင်ပံကစားသမား  ရာဖာလီအိုကို ဆိုလိုတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့အရည်အသွေးဟာ အငြင်းပွားစရာမရှိသလို အသင်းအတွက်လည်း အရေးကြီးတဲ့တိုက်စစ်လက်နက်တစ်ခုပါပဲ။ ဒါပေမယ့်ပြသနာက ကောင်းကွက်နဲ့ဆိုးကွက်တွေ ရောနေတာပါ။ စပို့တင်း CP ရဲ့လူငယ်တစ်ယောက်ဖြစ်ဖူးတဲ့ လီအိုနဲ့ပတ်သတ်ပြီး သူ့ရဲ့နည်းပြဖြစ်ဖူးသူ လူးဝစ်စ်မာတင်က   FTF ကိုအခုလိုပြန်ပြောင်းပြောပြပါတယ်။ “ သူ့ကို ပထမဆုံးစပြီးသတိထားမိတုန်းက ကျွန်တော်နည်းစနစ်ဒါရိုက်တာအဖြစ်လုပ်ကိုင်နေချိနန်မှာပေါ့။  သူက  မှာကစားနေချိန်မှာပဲ ကွဲပြားမှုကိုမြင်နေရပါတယ်။ ကျွန်တော်တို့မှာ ရိုနယ်ဒို ၊ ဖီဂိုတို့လိုကစားသမားတွေကိုမွေးထုတ်ပေးထားတဲ့အတွေ့အကြုံအရ လီအိုကိုမြင်တာနဲ့ သူ့ရဲ့အလားအလာကိုခန့်မှန်းမိပါတယ်။  သူဟာ အားလုံးနဲ့ကွဲပြားနေသူပါ “    လို့ဆိုပါတယ်။ သူ့ကို ပေါ်တူဂီဘာပေ လို့လဲခေါ်ပြီး  အသက်အရွယ်တန်းအရ ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လဲခိုင်းနှိုင်းခံထားရသူဖြစ်ပါတယ်။ လက်ရှိမီလန်မှာတော့ နောက်ချန်တိုက်စစ်မှုး အဖြစ်ရော ၊... Continue Reading →

နူးကမ့်ရဲ့တိုက်စစ်မှုးရှာပုံတော်ထဲက ရေပန်းအစားဆုံးဖြစ်လာတဲ့ ဝါရင့်တိုက်စစ်မှုး နှစ်ယောက်ကို လေ့လာခြင်း

ဘာစီလိုနာအသင်း တိုက်စစ်မှုးသစ်ရှာနေတာ ရာသီအစကတည်းကပါ။ ဆီးဗီးလားက လုဒီယောင်ကိုခေါ်ခဲ့တာ တကယ့်ကို ယာယီဖြစ်မှန်း ပရိတ်သတ်တွေအားလုံးနားလည်ကြပါတယ်။ နောက်ပြီး ဒီဖြည့်တင်းမှုကလည်း အလုပ်မဖြစ်လှ။ ဒီလိုနဲ့ အဂူရိုကိုမျှော်ကြတယ်။ သူကလည်းပြန်ပါလာစပွဲတွေမှာ သေသပ်တဲ့ ကစားပုံကိုပြသနိုင်ခဲ့တယ်။ ဒါပေမယ့် အသက်အရွယ်ရလာတဲ့တိုက်စစ်မှုးဟာ နှလုံးမှာ ပါပြသနာတက်ခဲ့တယ်။ ဒီတော့တိုက်စစ်မှုးသစ်ရှာရမယ့် ဘာစီလိုနာဟာ တိုက်စစ်မှုးသစ် အသဲအသန်လိုအပ်တဲ့အဆင့်ကိုချက်ခြင်းရောက်သွားပါတော့တယ်။ ဒီရက်ပိုင်းမှာ နည်းပြသစ်ကိစ္စတွေနဲ့အတူ တိုက်စစ်မှုးတွေနဲ့ နာမည်တောက်လျှောက်ထွက်ပါတယ်။ ဒီထဲမှာအာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်း ၊ မန်ယူတိုက်စစ်မှုး ကာဗာနီတို့နဲ့လည်း ဘာစီလိုနာသတင်းထွက်လာပါတယ်။ အစောပိုင်းတုန်းကတော့ သာမန် ကောလာဟာလလို့ ထင်ရပေမယ့် အခုတော့အလေးအနက်အသွင်ဆောင်လာခဲ့ပါတယ်။  ဒီတိုက်စစ်မှုး နှစ်ယောက်ကို တိုက်ရိုက်ဆက်သွယ်တဲ့သတင်းမျိုးမရှိသေးပေမယ့်အခြားကစားသမားတွေထက်ပိုပြီး ကျယ်လောင်လာခဲ့ပါတယ်။ သတင်းတွေဆက်တိုက်ထွက်လာခဲ့တယ်။ ကစားသမားနှစ်ယောက်စလုံးရဲ့ ခြေစွမ်း ၊ ကစားပုံနဲ့အတွေ့အကြုံတွေဟာ ဘာစီလိုနာရဲ့လိုအပ်ချက်နဲ့ ကိုက်ညီနေသလို ငွေကြေးများစွာသုံးဖို့ အစီအစဥ်မရှိပဲ လာမာစီယာလူငယ်တွေကိုပဲ ရေရှည်ကိုအသုံးပြုသွားမယ့် အသင်းပေါ်လစီနဲ့လဲကွက်တိပါပဲ။... Continue Reading →

Website Powered by WordPress.com.

Up ↑