အာဆင်နယ် မပါဝင်တော့တဲ့ တကျော့ပြန်စူပါလိဂ်ကြိုးပမ်းမှု

ဒီရက်ပိုင်းမှာ  ရီးရဲဥက္ကဌပီရက်ဇ်ဦးဆောင်ပြီး  အသင်းကြီးတွေဟာ စူပါလိဂ်ကို အသက်ပြန်သွင်းဖို့ ကြိုးစားလာကြကြောင်းနဲ့ ပါဝင်တဲ့အသင်းတွေရဲ့နာမည်ကို စပိန်သတင်းစာ Vozpopuli က ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်အသင်းရဲ့နာမည်မပါဝင်လာခဲ့ပါဘူး။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်က စူပါလိဂ်ပြိုင်ပွဲမှာ ပါ၀င်မယ်လို့ စီစဥ်ခဲ့တဲ့ ပရီးမီးယားလိဂ်ခြောက်သင်းထဲက တစ်သင်းဖြစ်ပါတယ်။ အားပေးသူပရိသတ်တွေရဲ့ အပြင်းအထန်ကန့်ကွက်မှုကြောင့် မကြာခင်မှာပဲ ပြိုင်ပွဲကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ရတာဖြစ်ပါတယ်။  ဂျို့ရှ်ခရွန်ကီက သူတို့မိသားစုအနေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမိခဲ့ပြီး ၊ သတင်းတွေကို မြင်ခဲ့ရပြီးတဲ့နောက် ပရိသတ်တွေရဲ့ စကားကို နားထောင်ခဲ့ရတယ်လို့ ၀န်ခံခဲ့ပါတယ်။  “ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေတဲ့ အရာကို ပရိသတ်တွေအနေနဲ့အပြည့်အ၀နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဒါက အရေးမကြီးဘူးလို့ ထင်ပါတယ်  .. သူတို့က အပြောင်းအလဲကို မလိုချင်ခဲ့ဘူး။ဒီ‌တော့ သူတို့သဘောကျနှစ်သက်မယ့် စနစ်ကိုပဲ အပြောင်းအလဲလုပ်ခဲ့ပါတယ်” လို့... Continue Reading →

Website Powered by WordPress.com.

Up ↑