အမ်းမရိတ်ကနေ မထွက်ခွာမီမှာ အာတီတာနဲ့ ဘာတွေပြောခဲ့လဲဆိုတာ ဖွင့်ဟလာခဲ့တဲ့ ပါဘလိုမာရီ

ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခဲ့ပြီး လက်ရှိစီးရီးအေကလပ် အူဒီးနိစ်မှာ အငှားထွက်ကစားနေတဲ့ ပါဘလို မာရီဟာ အာတီတာရဲ့ အာဆင်နယ်နည်းပြဘ၀မှာ ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။၂၀၂၀ ဇန်နဝါရီမှာ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ မာရီဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်ခဲ့ပြီး လက်ရှိရာသီမှာလည်း အသင်းအတွက် နှစ်ပွဲသာ ကစားခွင့်ရထားခဲ့ပါတယ်။  ဘန်ဝှိုက်၊ ဂါဘရီယယ်တို့ကို ကျော်ပြီး ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးမရှိတဲ့ မာရီဟာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာအတွက် အီတလီမြေကို အငှားထွက် ကစားခဲ့တာ ဖြစ်ပါတယ်။ အမ်းမရိတ်ကနေ မထွက်ခွာမီမှာ အာတီတာနဲ့ ပြောဆိုဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို မာရီက ခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။  “ ဒီဇင်ဘာမှာ ကျွန်တော်နဲ့ အာတီတာတို့ စကားပြောဖြစ်ခဲ့ကြပါတယ်။ သူပြောခဲ့တာက ‌ဇွန်လမတိုင်မီ နောင်လာမယ့် ၆လအတွင်း အစီအစဉ်က ဒီအတိုင်းပဲဆက်သွားနေမယ်လို့ ဆိုပါတယ်။ တကယ်လို့ အခြားဗဟိုနောက်ခံလူတစ်ယောက်က... Continue Reading →

သတင်းတွေကပြောတဲ့ ချဲလ်ဆီးရဲ့အနေအထား

မနေ့ကတစ်ရက်ထဲတင် ဇာဗီစိတ်ဝင်စားတဲ့ ချဲလ်ဆီးကစားသမားအရေအတွက်က ၄ ယောက်ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့အပတ်တွေကနာမည်ထွက်ခဲ့တဲ့ တီမိုဝါနာနဲ့ပါပေါင်းလိုက်ရင် ၅ ယောက်ပေါ့။ မသိသေးသူတွေအတွက်နာမည်တွေပြန်ရေးပြရရင်  အိုဒွိုင်း ၊ ပူလီဆစ် ၊ ဇီယက်ချ် ၊ အလွန်ဆိုနဲ့ တီမိုဝါနာ။ အသင်းမှာ သူ့အပိုင်းနဲ့သူ အရေးပါနေကြသူတွေချည်းပဲ။  ဒါဟာ အမှန်အကန်စိတ်ဝင်စားနေတာဖြစ်နိုင်သလို စပိန်မီဒီယာတွေဖွတာလည်းဖြစ်နိုင်ပေမယ့် ချဲလ်ဆီးအသင်းရဲ့ လက်ရှိအနေအထားကို တော့ထင်ဟပ်နေပါတယ်။ အသင်းတိုင်းဟာ  ကိုယ့်လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေကြပါတယ်။ တိုက်စစ်မှုးလိုသူက တိုက်စစ်မှုး ၊ ကွင်းလယ်ကကွင်းလယ် စသည်ဖြင့်ပေါ့။ ချဲလ်ဆီးကျတော့ စိန်ခေါ်မှုကမတူညီ။ သူက  Peak Form တစ်ခုရထားပြီးသားအသင်းဖြစ်ပြီး ဒီ Form ကိုမပျက်စီးအောင်ထိန်းသိမ်းနေရတာမျိုး။ တူညီတဲ့အခြေအနေပြောရရင် ခုနှစ်ပိုင်းတွေမှာ လီဗာပူးအသင်းကို ပရိတ်သတ်တွေ Form ပျက်မှာစိုးရိမ်ကြသလိုမျိုးပေါ့။ အရှိန်ရပြီးသား အသင်းတစ်သင်းသည် ဘယ်နေရာမှ တို့လို့ထိလို့မရ။ ဒါပေမယ့်... Continue Reading →

Website Powered by WordPress.com.

Up ↑