ရလဒ်မကောင်းခဲ့ပေမယ့် လေးစားမှုတွေရရှိခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးပွဲ

လက်ရှိချန်ပီယံဖြစ်တဲ့ မိမိတို့အားပေးသော ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ကနေ လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ပွဲကရသစုံလင်လွန်းခဲ့ပါတယ်။ ဂုဏ်ယူစရာ ၊ ပျော်ရွင်စရာအခိုက်အတန့်တွေရော ..  လှောင်ပြုံးပြုံးချင်စရာအခိုက်အတန့်တွေရာအစုံအလင်ပါပဲ။ ဒါပေမယ့်  ကမ္ဘာတစ်လွှားက ဘောလုံးပရိတ်သတ်တွေရဲ့လေးစားမှုကို ရရှိခဲ့သလို ၊  ချဲလ်ဆီးအားပေးသူတွေအတွက်လဲအနိုင်ရလဒ်ပြီးရင် ကျေနပ်စရာအကောင်းဖြစ်မယ်လို့ထင်ပါတယ်။ ပွဲမစခင်မှာ ရီးရဲ ကစားသမား ကတ်ဆီမဲရိုးက ပြောပါတယ်။  အရာအားလုံးပြီးဆုံးသလို ပြောဆိုနေတာကို သူလက်မခံကြောင်း ၊  မက်ဒရစ်တို့ရင်ဆိုင်နေရတာ  လက်ရှိချန်ပီယံဖြစ်ကြောင်း  ... မှတ်ချက်ပြုပြောဆိုရင်း လေးစားမှုကို ပြသခဲ့သလို သူတို့ရဲ့ ပြင်ဆင်မှုကိုလည်း  အသိပေးလာပါတယ်။ တကယ်လည်း ပွဲထဲမှာကစားတဲ့အခါ အလွန်သပ်ရပ်တဲ့ ၊  ရာသီစတုန်းက  မြင်ခဲ့ရတဲ့ အချိတ်အဆက်၊ တိုက်စစ်ဆင်မှု ၊ သေသပ်တဲ့ကန်သွင်းမှုတွေကို  ချဲလ်ဆီးထံကနေ တွေ့ခဲ့ရပါတယ်။ တကယ်ကိုပဲ  ၂ ဂိုးပြတ်ရှုံးထားတဲ့အသင်းဟာ ၀ - ၃ နဲ့ပြန်လည်ဦးဆောင်နိုင်သွားခဲ့တာပါပဲ။... Continue Reading →

တန်းဆင်းအသင်းရဲ့ ကစားသမားမှသည် ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ်သို့  ..

ဒန်ဂျူးမားတစ်ယောက် ဗီလာရီးရဲကိုပြောင်းသွားတုန်းက တိတ်တိတ်ဆိတ်ဆိတ်ကလေးပါပဲ။  ပေါင်  ၂၅ သန်းဆိုတာ  ခုနောက်ပိုင်း ငွေသိပ်မသုံးတဲ့ လာလီဂါမှာတော့  ပြောစရာနဲနဲလေးဖြစ်နေပေမယ့်  ပရီးမီးယားလိဂ်ရဲ့ သတင်းတွေသာကြီးစိုးနေချိန်မှာ   အဂ်လန်အသင်းငယ်တစ်သင်းကနေ စပိန်အသင်းတစ်သင်းဆီကို ပြောင်းရွေ့တာက လူသိပ်စိတ်မဝင်စားခဲ့ကြ။ သို့သော် ချန်ပီယံလိဂ်မှာ လူကြိုက်များတဲ့အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းရင်းသူ့နာမည်ကို သတိထားမိလာကြပါတယ်။ အခုတော့  မှတ်တမ်းသစ်များစွာကိုရေးထိုးလိုက်တဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရတဲ့ပွဲရဲ့ တစ်လုံးထဲသောသွင်းဂိုးရှင်ဖြစ်လာပါတယ်။ မရှေးမနှောင်းမှာပဲ လီဗာပူးလ်နည်းပြ ကလော့ကသူ့ကိုလိုချင်နေတယ်ဆိုတဲ့သတင်းကလဲ တစ်ပါထဲထွက်ပေါ်လာခဲ့ပါတယ်။ အရာအားလုံးက ခပ်မြန်မြန်ပါပဲ။ အရပ်  ၅ပေ ၁၀လက်မရှီပြီး အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဒန်ဂျူးမားဟာ  ပရိုဖိုင်းအမြင့်ကစားသမားတော့မဟုတ်ခဲ့ပါ။ ဒါပေမယ့် ဘယ်တောင်ပံကနေ ကျွမ်းကျင်မှုကောင်းကောင်းနဲ့ထိုးဖောက်ကစားမှုတွေကို ဒီရာသီမှာ ဆက်တိုက်မြင်နေရပြီဖြစ်ပါတယ်။ သူဂိုးသွင်းယူထားတဲ့အသင်းတွေထဲမှာလည်း ထိပ်တန်းအသင်းကြီးတွေပါဝင်နေတာဖြစ်လို့  ပိုပြီးတော့နာမည်ထွက်လာတာလဲဖြစ်ပါတယ်။ ဘိုင်ယန်ကိုသွင်းယူတဲ့ဂိုးကလည်းသူ့ရဲ့အကင်းပါးမှုကိုဖော်ပြနေပါတယ်။ လက်ရွေးစင်အသင်းနဲ့လဲ  ၆ ပွဲကစား... Continue Reading →

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုပါ သက်ရောက်လာနိုင်တဲ့ ပဲလေ့စ်နဲ့ပွဲ

ပွဲစဥ်တိုင်းက ဗိုလ်လုပွဲဖြစ်ကြောင်း  အာတီတာဟာ မကြာခနပြောဆိုခဲ့ပြီးဖြစ်ပါတယ်။  သို့သော်အမှတ်ပေးဇယားကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အခြေအနေကလည်း သပ်သပ်ဖြစ်ပါတယ်။ ဒီအပတ်ပွဲစဥ်တွေကစားအပြီးမှာ  ချန်ပီယံလိဂ်တိုက်ပွဲကို အားပျော့စေတဲ့အချက်ရော ၊ အားကောင်းစေတဲ့အချက်ရောက တူတူဖြစ်လာခဲ့ပါတယ်။ အားကောင်းစေတာကတော့  ချဲလ်ဆီးရဲ့ မထင်မှတ်ထားတဲ့ရှုံးပွဲဖြစ်ပြီး  အားလျော့သွားစေတာကတော့  ယူနိုက်တက်အသင်းရဲ့  သရေပွဲဖြစ်ပါတယ်။ ပွဲစဥ်ကွာဟချက်အချို့ရှိနေပေမယ့် လက်ရှိအမှတ်ပေးဇယားအရ  အဆင့် ၃ က ချဲလ်ဆီးနဲ့ အဆင့် ၇ က မန်ချက်စတာယူနိုက်တက်တို့ဟာ ၈ မှတ်သာကွာဟနေတာတွေ့ရပါတယ်။ တကယ်လို့  လက်စတာနဲ့ပွဲမှာသာယူနိုက်တက်တို့အနိုင်ရခဲ့ရင်   ၆ မှတ်သာကွာဟမှာဖြစ်ပြီး  ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ပိုပြီးအကြိတ်အနယ်ရှိလာမှာဖြစ်ပါတယ်။ ဒီတစ်ပတ် မှာ စပါးအသင်းအနိုင်ရပြီးတဲ့နောက် ပဲလေ့စ်ကွင်းမှာကစားရမယ့်  ပဲလေ့စ်နဲ့ အာဆင်နယ်တို့ပွဲဟာ အလွန်အရေးပါလာပြီဖြစ်ပါတယ်။ အာဆင်နယ်သာ အနိုင်ရမယ်ဆိုရင် စပါးအသင်းကို ပြန်ပြီးကျော်တက်နိုင်မှာဖြစ်သလို  တတိယနေရာက ချဲလ်ဆီးနဲ့လည်း  ၂ မှတ်သာကွာမယ့် အနေအထားကိုရောက်ရှိသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ပဲလေ့်စ်သာနိုင်သွားခဲ့ရင်... Continue Reading →

ပြိုင်ပွဲ မပြီးသေးဘူးလို့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ စပါးကစားသမားဟောင်း

စပါးနဲ့လီဗာပူးလ်ကစားသမားဟောင်းဖြစ်သူ ဂျေမီရက်ပ်နက်က အာဆင်နယ်အနေနဲ့ ထိပ်သီးလေးသင်းတိုက်ပွဲအတွက် အဆင့်လေးနေရာမှာ ရပ်တည်ပြီး ထိန်းချုပ်ထားနိုင်ပေမယ့် နောက်ထပ်ဆက်သွားဖို့ အများကြီးကျန်သေးတယ်လို့ ဆိုပါတယ်။  အာတီတာရဲ့ အသင်းဟာ ထိပ်သီးလေးသင်းတိုက်ပွံ၀င်နေတဲ့ အသင်းတွေထဲမှာ အကောင်းဆုံးခြေစွမ်းကို ပြသထားနိုင်ထားတာကို ဂျေမီရက်ပ်နက်က ၀န်ခံခဲ့သလို ဂန်းနားတို့ရဲ့အလုပ်မပြီးမြောက်သေးဘူးလို့လည်း သတိပေးခဲ့ပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဆင်နယ်က ဗီလာကို အဝေးကွင်းမှာ အနိုင်ရခဲ့သလို စပါးကလည်း ၀က်စ်ဟမ်းကို (၃-၁)ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။ ဒီခါးသီးတဲ့ မြောက်လန်ဒန်ဒါဘီနှစ်သင်းဟာ ထိပ်တိုက်တွေ့ဆုံဖို့လည်း ရှိနေပါတယ်။  စပါးဟာ ဖေဖော်ဝါရီလမှာ ရလဒ်တွေဆိုရွားနေခဲ့ပေမယ့် လက်ရှိမှာတော့ ရလဒ်ကောင်းတွေ ပြန်ရယူနေပြီး  ‌ပရီးမီးယားလိဂ်နောက်ဆုံး ငါးပွဲမှာ လေးပွဲထိအနိုင်ရထားပါတယ်။ ဒါကြောင့် ဂျေမီရက်ပ်နက်ဟာ အာဆင်နယ်အနေနဲ့ စပါးရဲ့ မတည်ငြိမ်မှုကို အထင်မသေးသင့်ကြောင့် ၊ စပါးဟာ ကွန်တီရဲ့ လက်အောက်မှာ တည်ငြိမ်ကောင်းမွန်တဲ့ ပုံစံတစ်ခုကို... Continue Reading →

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်ဖက်ကနေ ကာရေဂါရပ်တည်

လီဗာပူးလ်နဲ့ ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ ပတ်သက်ပြီး ‌သုံးသပ်ခန့်မှန်းချက်တွေဟာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လက်ကျန်ပွဲစဉ်တွေမှာ မန်ယူ၊စပါး၊ချဲလ်ဆီးတို့ကိုလည်း ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ဒီလိုမျိူးထပ်မံ ရှုံးနိမ့်ရနိုင်မလားဆိုတဲ့ စိတ်ပူမှုအချို့လည်း ပရိသတ်တွေဆီမှာ ရှိလာခဲ့ပါတယ်။ မိနစ်ငါးဆယ်လောက်အသာရလာခဲ့တဲ့ ကစားပွဲကို ၉မိနစ်အတွင်း ဦးဆောင်ဂိုး နှစ်ဂိုးခွင့်ပြုလိုက်ရပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ ရှုံးနိမ့်ခဲ့ရတာဟာ အာတီတာနဲ့ အသင်းသားတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့မှာပါ။  အာဆင်နယ်အနေနဲ့ စပါး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ အပြိုင် အဆင့်လေးနေရာကို လုရမှာ ဖြစ်ပြီး ရာသီကုန်မှာ မျှော်လင့်ထားသလို ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်း စာရင်း ၀င်နိုင်မလားဆိုတာကို လီဗာပူးလ်ကစားသမားဟောင်းနဲ့ အားကစားသုတေသီ ကာရေဂါက ခုလိုပဲ ဆိုလာခဲ့ပါတယ်။  “အာဆင်နယ်ရဲ့ တိုက်ပွဲက  ထိပ်ဆုံးလေးသင်းစာရင်း၀င်ဖို့ ဖြစ်ပါတယ်။ ချဲလ်ဆီး၊မန်စီးတီးနဲ့လီဗာပူးလ်တို့ကို ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ ရလဒ်တွေမကောင်းခဲ့ပါဘူး။ဒီလို... Continue Reading →

နောက်ဆုံးရဘောလုံးသတင်းများ (16Feb)

အီတလီစီးရီးအေမှာနည်းပြဖို့ စိတ်ပျက်လျှက်ရှိနေတဲ့ ပီယာလို ဂျူဗင်တပ်ကစားသမားဟောင်းတဖြစ်လဲနည်းပြဟောင်း ပီယာလိုဟာ လက်ရှိမှာအသင်းလက်မဲ့အ ဖြစ်ရှိနေသေးပြီး အခုလောလောဆယ်မှာ သင့်တော်တဲ့ကမ်းလှမ်းမူမရသေးတာကြောင်း နည်းပြလောကကိုပြန်ဝင်လာဖို့နှောင့်နည်းနေတာလို့သိရပါတယ်။ ပီယာလိုကိုနည်းပြသစ်အဖြစ် စီးရီးအေကလပ် ဆာလန်နီတနာအသင်းကကမ်းလှမ်းခဲ့တယ်လို့သိရပါ တယ်။ ဒါပေမယ့် ပီယာလိုကိုယ်တိုင်က ဥရောပအ သင်းကြီးတသင်းမှာနည်းပြလုပ်လိုတာကတကြောင်း၊ စီးရီးအေမှာပြန်ပြီးအခြေချဖို့သူ့အနေနဲ့ စိတ်ပျက်နေတာကတကြောင်း ယင်းကမ်းလှမ်းမူကို ချက်ချင်းပယ်ချခဲ့တယ်လို့သိရပါတယ်။ ယင်းအသင်းကလဲ နည်းပြပီယာလိုကိုခေါ်ယူဖို့မဖြစ်နိုင်တဲ့အဆုံးမှာ တိုရီနိုနည်းပြဟောင်း နီကိုလာကို ခေါ်ယူခဲ့တယ်လို့သိရပါတယ်။ ယခုလက်ရှိမှာ ဆာလန်နီတနာအသင်းက စီးရီးအေရဲ့ဇယားအောက်ဆုံးမှာရောက်ရှိနေတဲ့အသင်းတသင်းလဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ချန်ပီယံလိဂ်စံချိန်သစ်များ မန်စီးတီးအသင်းဟာ စပို့တင်းအသင်းကို အဝေးကွင်းမှာဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ သွင်းဂိုး (၂၀၀)ပြည့်တဲ့ (၁၄) သင်းမြောက်ကလပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါ တယ်။ ယင်းသွင်းဂိုး(၂၀၀)ရရှိဖို့အတွက် မန်စီးတီးအသင်းဟာ ပွဲပေါင်း(၉၇)ပွဲဖြင့် အနည်းဆုံးကစားကစားထားတဲ့အသင်းတွေထဲကတသင်းအဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်ပွဲစဥ် ပထမပိုင်းမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ လီယာအိုကို... Continue Reading →

Website Powered by WordPress.com.

Up ↑