ချဲလ်ဆီးနဲ့ ဂျူဗင်တပ်တို့နှစ်သင်းရဲ့  အုပ်စုဗိုလ်လုပွဲမတိုင်ခင် အနေအထားများ

မြန်မာစံတော်ချိန်ဗုဒ္ဓဟူးနေ့မနက် ၂:၁၅ မှာ ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ဂျူဗင်တပ်တို့ရဲ့ ပွဲစဉ်ဟာ ဒီအပတ်ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ပါတယ်။ဒီပွဲဟာ အုပ်စုဗိုလ်အဆုံးအဖြတ်ပွဲလည်းဖြစ်နိုင်သလို ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ထားတဲ့ ဂျူဗင်တပ်စ်တို့ရဲ့အားပြိုင်ကြမယ့်ပွဲစဉ်လည်း ဖြစ်တာကြောင့် လုံး၀အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။ အိမ်ရှင်ချဲလ်ဆီးအသင်းဟာ အုပ်စုပွဲစဉ်၄ပွဲ ကစားပြီးချိန်မှာ ၃ပွဲနိုင် ၁ပွဲရှုံးနိမ့်ထားပြီး ရှုံးနိမ့်ခဲ့ရတဲ့အသင်းကလည်း ဂျူဗင်တပ်စ်ဖြစ်ပါတယ်။ဂျူဗင်တပ်စ်က‌ရာနှုန်းပြည့်နိုင်ပွဲနဲ့ လက်ရှိအုပ်စုဗိုလ်အဖြစ်ဦး‌ဆောင်နေပါတယ်။ချဲလ်ဆီးအနေနဲ့ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပထမအကျော့ရှုံးကြွေးကိုပြန်ဆပ်နိုင်မလားဆိုတာ စိတ်၀င်စားဖိုကောင်းနေပါတယ်။ ဂျူဗင်တပ်စ်အသင်းက‌တော့ စီးရီးအေမှာ ရလဒ်ကောင်းတွေရဖိုရုန်းကန်နေရပြီး အမှတ်ပေးဇယားရဲ့ အဆင့်ရှစ်နေရာမှာရပ်တည်နေပါတယ်။‌စီးရီး‌အေနောက်ဆုံးငါးပွဲမှာ နှစ်ပွဲနိုင်၊နှစ်ပွဲရှုံးပြီး တစ်ပွဲသရေကျထားပါတယ်။ စုစုပေါင်း သွင်းဂိုး   ၉ ဂိုး ၊ ပေးဂိုး ၆ ဂိုးဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက‌တော့ ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ  လေးပွဲနိုင် တစ်ပွဲသရေကျထားပြီး အမှတ်ပေးဇယားရဲ့အဆင့်တစ်နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ စုစုပေါင်းသွင်းဂိုး   ၉ ဂိုး ၊... Continue Reading →

Website Powered by WordPress.com.

Up ↑