အလားအလာကောင်းတဲ့လူငယ်မှသည် ကြယ်ပွင့်သစ်ဆီသို့

“ သူ့မှာကောင်းမွန်တဲ့အစွမ်းအစတွေရှိနေပါတယ်။ ဒီလိုပဲ အနာဂတ်ကောင်းကောင်းလဲရှိနေပါတယ်။ ဒါတွေအားလုံးလက်တွေ့ဖြစ်လာဖို့ကတော့ သူ့ပေါ်ပဲမူတည်နေပါတယ် “ ဒီစကားကိုဆိုလိုက်သူက နတ်ဘုရားကြီးဇလာတန်ဖြစ်ပြီး  မီလန်ရဲ့တောင်ပံကစားသမား  ရာဖာလီအိုကို ဆိုလိုတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့အရည်အသွေးဟာ အငြင်းပွားစရာမရှိသလို အသင်းအတွက်လည်း အရေးကြီးတဲ့တိုက်စစ်လက်နက်တစ်ခုပါပဲ။ ဒါပေမယ့်ပြသနာက ကောင်းကွက်နဲ့ဆိုးကွက်တွေ ရောနေတာပါ။ စပို့တင်း CP ရဲ့လူငယ်တစ်ယောက်ဖြစ်ဖူးတဲ့ လီအိုနဲ့ပတ်သတ်ပြီး သူ့ရဲ့နည်းပြဖြစ်ဖူးသူ လူးဝစ်စ်မာတင်က   FTF ကိုအခုလိုပြန်ပြောင်းပြောပြပါတယ်။ “ သူ့ကို ပထမဆုံးစပြီးသတိထားမိတုန်းက ကျွန်တော်နည်းစနစ်ဒါရိုက်တာအဖြစ်လုပ်ကိုင်နေချိနန်မှာပေါ့။  သူက  မှာကစားနေချိန်မှာပဲ ကွဲပြားမှုကိုမြင်နေရပါတယ်။ ကျွန်တော်တို့မှာ ရိုနယ်ဒို ၊ ဖီဂိုတို့လိုကစားသမားတွေကိုမွေးထုတ်ပေးထားတဲ့အတွေ့အကြုံအရ လီအိုကိုမြင်တာနဲ့ သူ့ရဲ့အလားအလာကိုခန့်မှန်းမိပါတယ်။  သူဟာ အားလုံးနဲ့ကွဲပြားနေသူပါ “    လို့ဆိုပါတယ်။ သူ့ကို ပေါ်တူဂီဘာပေ လို့လဲခေါ်ပြီး  အသက်အရွယ်တန်းအရ ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လဲခိုင်းနှိုင်းခံထားရသူဖြစ်ပါတယ်။ လက်ရှိမီလန်မှာတော့ နောက်ချန်တိုက်စစ်မှုး အဖြစ်ရော ၊... Continue Reading →

Website Powered by WordPress.com.

Up ↑