လောလောလတ်လတ် ကွင်းလယ်နေရာမှာ ဒဏ်ရာထပ်မရဖို့ဆုတောင်းနေရတုန်းမှာ နဂိုထဲက အားနည်းနေတဲ့တိုက်စစ်နေရာအတွက်သတင်းတွေဆက်တိုက်တက်လာနေပါတယ်။
အယ်နာဆရီနဲ့လာကာ အလဲအထပ်
အယ်နာဆရီကို စိတ်ဝင်စားနေတဲ့သတင်းကတော့ အနဲငယ်ကြာနေပြီဆိုပေမယ့် ဆီဗီးလားဖက်က ပြင်သစ်သားကြီး လာကာဇက်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့အနေအထားမှာ အာဆင်နယ်ဖက်က အခွင့်ကောင်း ယူပြီး အလဲအလှယ်လုပ်ဖို့ရှိလာနေတယ်လို့ ဆိုပါတယ်။ လာကာဇက်ရဲ့ စာချုပ်က ၂၀၂၃ မှာပြည့်မှာ ဖြစ်လို့ အသင်းဖက်က ဒီနှစ်ဆောင်းမှာ မရောင်းနိုင်ရင် လာမယ့်နှစ်မှာအလွတ်နဲ့ ခွင့်ပြုရမှာ ဖြစ်ပါ တယ်။ ဆီးဗီးလားဖက်ကလည်း အယ်နာဆရီကို နိုင်ငံတကာပွဲဆီလက်လွတ်ရမယ့် ကာလအတွက် တိုက်စစ်မှုး တစ်ယောက်ထပ်မံရှာဖွေနေတာပါ။

လီနိုမပြောင်းပါ
သတင်းတွေထွက်နေတဲ့ အင်တာမီလန်နဲ့ လီနိုတို့ အပြောင်းအရွှေ့မှာတော့ အင်တာတို့ဟာ အေဂျက်ရဲ့ အိုနာနာကို ပိုစိတ်ဝင်စားနေတာကြောင့် ဖြစ်လာဖို့မရှိဘူးလို့ ဖေဘရီဇီယို ရိုမာနိုကဆိုပါတယ်။ ကစား သမားဖက်ကလည်း လန်ဒန်မှာပျော်နေကြောင်းနဲ့ သူ့အစွမ်းတွေကို သက်သေပြဖို့ကိုပဲ ပိုအားသန်နေပုံ ရပါတယ်။
ဗလာဟိုဗစ်လာမှာလား
စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတစ်ခုကတော့ ဖီအိုရင်တီးနားတိုက်စစ်မှုး ဗလာဟိုဗစ် ကိုလည်း ကြိုးပမ်းဖွယ်ရှိတယ်လို့သိရပါတယ်။ ဖီအို ဉက္ကဌ ကွန်မစ်ဆိုဖက်ကနေ ဗလာဟိုဗစ်ဟာ ထိမ်းသိမ်းရခက် ခဲဖွယ်ရှိတယ်လို့ထုတ်ပြောအပြီးမှာ ဒီသတင်းထွက်လာတာပါပဲ။ သူက “ဗလာဟိုဗစ် လက်မှတ်ထိုးမလား မထိုးလား ခုချိန်မှာ သေချာမသိသေးပါဘူး။ အားလုံးစိတ်အေးအေးနဲ့စောင့်ကြည့်ကြစေချင်ပါတယ်” လို့ဆို ပါတယ်။

ဒါတွေက Daily Mail ရဲ့ ဆောင်းပါးကနေထုတ်နှုတ်ထားတဲ့အချက်တချို့ပါ။
တဖက်မှာလည်း တချိန်က ကစားသမားဟောင်း အလက်ဆစ်ဆန်းချက် ကို ပြန်လည်ခေါ်ယူဖို့ရှိနေတယ်ဆိုတဲ့ ကောလာဟာလလည်းရှိနေပါသေးတယ်။ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့တွေမှာဆိုရင် မထင် မှတ်တာတွေ ခနခနပြတတ်တဲ့အသင်းမို့ ဘာဖြစ်လာမလဲကတော့စိတ်ဝင်စားစရာပါပဲ။ လူငယ်တွေနဲ့ တည်ဆောက်နေတဲ့အသင်းမှာ စိတ်ကြိုက်မရမချင်း ရေတိုနဲ့ပဲသွားမယ့်ပုံမို့ ဆန်းချက် ကိစ္စက လည်း မဖြစ်နိုင်ဘူးပြောရခက်ပါတယ်။
ပထမဦးစားပေးဖြည့်တင်းမှာကတိုက်စစ်ဆိုပေမယ့် တဖက်မှာလည်း နေရာစုံမှာ အရံအင်အားနဲပါးနေသေးတာရယ် ၊ မကြာခနဒဏ်ရာရတတ်တဲ့ကွင်းလယ်လူနေရာအတွက်လဲခေါင်းခဲရဖွယ်ရှိနေပါတယ်။
အာဆင်နယ်တို့ အပြောင်းအရွှေ့မှာ တကယ်ပဲ အမှန်အကန် လှုပ်ရှားလာနေပြီလား။ သတင်းတွေအရတော့ တစ်ခုခုထူးမယ့်ပုံပါပဲ။
ပရိတ်သတ်တွေစိတ်ဝင်စားရင်ကြည့်နိုင်ဖို့ သတင်းထွက်နေတဲ့တိုက်စစ်မှုးနှစ်ယောက်ရဲ့ Skill Video တွေကိုထည့်ပေးလိုက်ပါတယ်။
ဗလာဟိုဗစ်ရဲ့ Video ( ၃ မိနစ် ၃၀ စက္ကန့်)
အယ်နာဆရီရဲ့ Video ( ၄မိနစ် နဲ့ စက္ကန့် ၂၀)
Leave a Reply