လူကာကူ နဲ့ ချဲလ်ဆီးကိစ္စကို နှစ်ဖက်မျှပြီး ပြောလာခဲ့တဲ့ ဖာဒီနန်

တူချယ်နဲ့အသင်းရဲ့ပရိသတ်တွေက တိုက်စစ်မှူးလူကာကူ အပေါ် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး ဖာဒီနန်က ကာကွယ်ပြောဆိုမှုတစ်ခု ပြုလုပ်လာခဲ့ပါတယ်။ 

 Sky Sports နဲ့ အင်တာဗျူးမှာ လူကာကူက အသင်းမှာ သူရင်ဆိုင်နေရတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ ၀န်ခံခဲ့တာဖြစ်ပါတယ်။  ဒီအင်တာဗျူးလ်ဟာ ရလဒ်တွေဆိုးနေတဲ့ အသင်းရဲ့ အခြေအနေကို ပိုပြီး မတည်မငြိမ်ဖြစ်စေခဲ့ပါတယ်။ တူချယ်ကလည်း လူကာကူအပေါ် နားမလည်နိုင်ဖြစ်ခဲ့သလို ဒီကိစ္စအပေါ် စိတ်မချမ်းမသာ ဖြစ်နေပုံပေါ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့  EFL Cup မှာတော့ လူကာကူဝင်ကစားသွားခဲ့ပါတယ်။

တူချယ်ရဲ့ တုံ့ပြန်မှုတွေကို နားလည်တယ်လို့ ဆိုခဲ့တဲ့ ဖာဒီနန်ဟာ လူကာကူအပေါ်ကိုလည်း ကာကွယ်ပြောဆိုပေးခဲ့ပြီး လူကာကူက သူ့စိတ်ထဲမှာ ရှိနေတဲ့အရာကို ထုတ်ဖော်၀န်ခံတာဟာ အမှားတစ်ခု မဟုတ်ပါဘူး လို့ ဆိုပါတယ်။ 

လူကာကူက ဒီအင်တာဗျူးလ်ကို လွန်ခဲ့တဲ့ သီတင်းပတ် သုံးပတ်လောက်က လုပ်ခဲ့တာပါ။ ဒီအင်တာဗျူးကနေ နောက်ဆက်တွဲ ကိစ္စတွေတော့ အများကြီးရှိလာခဲ့တာပေါ့” 

အဲ့ဒီ့အချိန်တုန်းက သူသာ ဒဏ်ရာရနေခဲ့တယ်။အသင်းအတွက် ကစားခွင့်မရခဲ့ဘူး။ဒီလို ဒဏ်ရာပြဿနာတွေကြောင့် မန်နေဂျာက သူ့ကို သူစိတ်တိုင်းကျကစားခွင့်မပေးတာမျိုး၊ စနစ်တွေပြောင်းလဲပစ်တာမျိုးနဲ့ ကြုံရတဲ့အခါသူ မပျော်မရွှင် ဖြစ်ခဲ့ရပုံပါပဲ။ ပြီးတော့ ဒါကို အင်တာဗျူးမှာ ဖွင့်ဟခဲ့တာပေါ့” 

အင်တာဗျူးလ်မှာ တကယ်တော့ သူက အင်တာပရိသတ်တွေကို နှုတ်ဆက်တာပါ။ကျေးဇူးတင်စကားပြောပြီး အသင်းဆီ နောင်တစ်ချိန်ကျ ပြန်လာနိုင်တယ်လို့ ဆိုတာပါပဲ .. တူချယ်ရဲ့ မှတ်ချက်စကားတွေလည်း ကျွန်တော်ကြားခဲ့ရပါတယ်။သူက ဒီလို အသင်းအတွက် ဆူဆူညံညံ‌ဖြစ်စေမယ့် စကားတွေကို မလိုလားတဲ့ ပုံပါပဲ” 

ဒါပေမယ့်တစ်ဖက်မှာတော့ မီဒီယာကလူတွေ၊ပရိသတ်တွေအတွက်တော့ (ဒီလို သတင်းတွေမကြားရဖို့ဆိုတာ) လက်သင့်ခံစရာ မရှိပါဘူး။  မင်းတို့ ဘာမှ ဆူဆူညံညံမလုပ်နဲ့လို့ ပြောလို့မရပါဘူး။ကစားသမားတွေဟာ စက်ရုပ်တွေမဟုတ်ပါဘူး လို့ ဖာဒီနန်က လူကာကူအပေါ် ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။ 

ပရိသတ်တွေက ကစားသမားတွေကို ရိုးရိုးသားသား၊ပွင့်ပွင့်လင်းလင်း ရှိစေချင်ကြတယ်။ဒါပေမယ့် လူကာကူက ဒီလိုမျိုးပြောလာတော့ လူတိုင်းက သူ့ကို အပြင်းအထန် ပြစ်တင်ကဲ့ရဲ့နေကြတယ်  … လူကာကူနေရာမှာ ငါဆိုရင်လို့ တွေးကြည့်မိတော့ သူ ဘာလို့ ဒါကိုပြောခဲ့လဲဆိုတာ နားလည်ခဲ့ပါတယ်” 

ချဲလ်ဆီးဟာတိုက်စစ်မှူးဖြစ်တဲ့ သူ့ကို ပေါင်သန်းတစ်ရာနီးပါးပေးပြီး ခေါ်ယူခဲ့တယ်။ပြီးတော့ (တိုက်စစ်မှူးစစ်စစ်မပါပဲ) အခြားပုံစံနဲ့ ကစားနေကြတယ်။ ဒီအပေါ် သူ့အနေနဲ့ မပျော်ရွှင်မိတာ ဖြစ်ပါလိမ့်မယ်” 

အသင်းက ထွက်ခွာချင်တယ်လို့ သူပြောတာမဟုတ်ပါဘူး။ အသင်းမှာနေရာပြန်ရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားသွားမယ်လို့ သူပြောခဲ့တာပါ” 

ပြီးခဲ့တဲ့ သုံးပတ်က ခုလိုမျိုး သူပြောခဲ့တယ်။ခုအချိန်မှာ သူ့ရဲ့ကြိုးစားမှုတွေနဲ့ အသင်းမှာနေရာပြန်ရပြီး ဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့ပါတယ်၊ ဒီတော့ သူပြောခဲ့တာတွေက ပြီးပါပြီလို့ ဖာဒီနန်ကဆိုပါတယ်။ 

အင်တာဗျူးဟာ ရက်အနဲငယ်ကြာပြီးမှ ထုတ်လွှင့်ခဲ့တာဖြစ်လို့   လူကာကူ အနေနဲ့လည်း ပြောစကားနဲ့ ကွင်းထဲကဖြစ်ရပ်တွေဟာ အကုန်ကမောက်ကမ ဖြစ်ခဲ့ပုံပါပဲ။  စိတ်ညစ်တုန်းလျှောက်ပြော ၊ ပြီးမှ အဆင်ပြေ ၊ အဆင်ပြေပြီနောက်မှ အင်တာဗျူးက ပြန်တက်လာ  .. အဲ့ဒီလိုဖြစ်ခဲ့တာဆိုရင်တော့ ပရိတ်သတ်တွေအနေနဲ့ ဖာဒီနန်လို နားလည်နိုင်သူတွေရှိလာမလားမျှော်လင့်ရတာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: