ဆေးဗားလ်ရဲ့အစွမ်းကို အံ့သြကြောင်းထပ်မံပြောကြားလာတဲ့ဖာဒီနန်
မန်ယူအသင်း ဂန္တဝင် ဖာဒီနန်က အသက် ၃၇ နှစ်အရွယ်နောက်ခံလူ သီယာဂိုဆေးဗားလ်ကို ထပ်ပြီး ထုတ်ဖော်ချီးကျူးလာခဲ့ပါတယ်။ ဆေးဗားလ်ဟာ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ မိနစ် ၁၂၀ လုံးပြေးလွှားကစားသွားခဲ့ပြီး ခြေစွမ်းလဲပြသနိုင်ခဲ့ပါတယ်။ “ အသက် ၃၇ အရွယ်မှာ သူလုပ်ပြနေတာတွေက ရူးလောက်စရာပါပဲဗျာ .. တည်ငြိမ်တယ် သွေးအေးတယ်။ ဖိအားတွေအောက်မှာအကောင်းဆုံးတုန့်ပြန်နိုင်တယ်။ အသင်းဖော်တွေကို ကစားပွဲတစ်လျှောက် အော်ဟစ်ညွန်ကြားနေခဲ့တာကိုတွေ့နေရပါတယ်။ ဆေးဗားလ်က တကယ်အံ့သြစရာပါပဲ “ လို့ပြောဆိုသွားခဲ့တာပါ။
အသင်းနဲ့တူတူရှိကြောင်းထုတ်ပြောလာတဲ့ မန်ဒီ
တစ်ပွဲလုံးလက်စွမ်းပြခဲ့ပြီး နောက်ဆုံးမိနစ်မှာ လူစားလဲခံခဲ့ရသလို ၊ လူစားဝင်ဂိုးသမားကလဲ အမှားပြုလုပ်ခဲ့ပေမယ် မန်ဒီက “ အသင်းအနေနဲ့ အတူတူတိုက်ပွဲဝင်ရမှာဖြစ်ပြီး ၊ အားထုတ်မှုအားလုံးအတွက် ဂုဏ်ယူကြောင်း “ ပြောဆိုသွားခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာစာမျက်နှာများမှတဆင့် မန်ဒီက
“ ကျွန်တော်တို့အားလုံး က နိုင်လဲတူတူ ၊ ရှုံးလဲတူတူပါပဲ။ နောက်ဆုံးအချိန်အထိကြိုးစားကစားသွားကြတဲ့အသင်းသားတွေအတွက် ဂုဏ်ယူမိပါတယ်။ ဘာပဲဖြစ်ဖြစ်ရှေ့ဆက်လိုက်ကြစို့ “ ဆိုပြီး ရေးသားသွားခဲ့တာပါ။
လူကာကူနဲ့ ချယ်လ်ဆီးတိုက်စစ်မှုးများကို နှိုင်းယှဥ်လာခဲ့တဲ့ Weblog
ချဲလ်ဆီးအသင်းအကြောင်း သီးသန့်ရေးသားနေတဲ့ Chelsea News Weblog မှ တိုက်စစ်မှုးလူကာကူ နဲ့ အသင်းရဲ့ ကစားသမားဟောင်းများဖြစ်ကြတဲ့ အေဘရာဟမ်နဲ့ ဂျီရူးတို့ရဲ့ ယခုရာသီစွမ်းဆောင်ရည်တွေကို နှိုင်းယှဥ်ရေးသားလာပါတယ်။ ရိုးမားတိုက်စစ်မှုး အေဘရာဟမ်က ၁၉ ပွဲကစား ၃၅ ဂိုး ၊ မီလန်တိုက်စစ်မှုးဂျီရူးက ၂၅ ပွဲကစား ၁၀ ဂိုးသွင်းထားနိုင်သော်လည်း လူကာကူက ၂၉ ပွဲထိကစားထားပြီးမှ ၁၀ဂိုးသာရရှိထားတာဖြစ်ပါတယ်။ တိုက်စစ်မှုးလူကာကူမှာ အသင်းလိုက်ကစားပုံမှာလည်း အားနည်းချက်တွေရှိနေတာကြောင့် ပရီတ်သတ်များရဲ့ဝေဖန်မှုကိုလည်း ခံနေရသူဖြစ်ပါတယ်။
မန်ဒီဟာ ကစားသမားဘဝမှာအရာအားလုံးကို ပိုင်ဆိုင်မယ့်သူဖြစ်တယ်လို့ မာဆင်ချီးကျူး
ဘောလုံးပွဲသုံးသပ်သူ ပေါလ်မာဆင်က မန်ဒီကိုလူစားလဲလိုက်တဲ့ တူချယ်ရဲ့လုပ်ရပ်ကိုနားမလည်ကြောင်းထုတ်ပြောလာပါတယ်။ မန်ဒီဟာ အကောင်းဆုံးကစားခဲ့ကြောင်း ၊ အရဲဝံ့ဆုံးကစားသွားခဲ့သူဖြစ်ပြီး ဘာကြောင့်လူစားလဲခဲ့ရသလဲ ဆိုပြီးမေးခွန်းထုတ်သွားခဲ့ပါတယ်။ ဒါ့အပြင် မန်ဒီဟာ ကစားသမားဘဝကအနားယူတဲ့အခါမှာ အကောင်းဆုံးတွေကိုပိုင်ဆိုင်သွားမယ့်သူဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
ဘရိုဂျာကို ချီးကျူးတဲ့ ဂယ်ရီနဗီလ်း
မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးက အငှားချကစားကစားလေး ဘရိုဂျာကို အခုလိုပဲချီးကျူးပြောဆိုသွားခဲ့ပါတယ်။
“ ဘရိုဂျာဟာ ထူးခြားတဲ့စွမ်းရည်တွေကိုပြသနေတဲ့ ကစားသမားတစ်ယောက်ပါ။ တကယ့်ကို့ သိမ်သိမ်မွေ့မွေ့နဲ့ ကစားတတ်တဲ့သူတစ်ယောက်ပါ။ တဖက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာကစားနေတာကို မြင်ရတဲ့အချိန်မှာ မကြာခင်ထိပ်တန်းကိုရောက်လာမယ့်ကစားသမားတစ်ယောက်လို့ အသေအချာခံစားမိလာစေပါတယ် “ ဆိုပြီးချီးကျူးသွားခဲ့တာဖြစ်ပါတယ်။
Leave a Reply