အာသာမယ်လိုနဲ့ သတင်းတွေ ထပ်ထွက်လာပြန်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူမယ်ဆိုပြီး နာမည်ထွက်ခဲ့တဲ့ အာသာမယ်လိုကို လာမယ့် နွေရာသီမှာ တဖန်ပြန်ကြိုးစားဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

ဘာစီလိုနာ ကွင်းလယ်လူဟောင်းကို ခေါ်ယူဖို့အတွက် အာဆင်နယ်ဟာ ဂျူဗင်တပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မကုန်ဆုံးခင်မှာပဲ ဆွေးနွေးမှုတွေက အဆင်မပြေဖြစ်ပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။(သတင်းအချို့အရ ဂျူဗင်တပ်ဟာ သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအများအပြား အလိုရှိခဲ့တာကြောင့် ဆွေးနွေးမှုတွေဟာ အဆင်မပြေဖြစ်ခဲ့ရတာ ဖြစ်ပါတယ်) 

ဒဏ်ရာပြဿနာ‌တွေကြောင့်  လက်ရှိရာသီမှာ ဂျူဗင်တပ်အတွက် ၁၆ပွဲသာ ပွဲထွက်ခွင့်ရထားပေမယ့် ဘာစီလိုနာနဲ့အတူ ဆုဖလားတွေအများအပြားရထားတဲ့ မယ်လိုဟာ အာဆင်နယ်အတွက် အောင်မြင်မှုတွေ ဆောင်ယူပေးနိုင်မယ့် ကစားသမား ဖြစ်လာနိုင်ပါတယ်။  ကစားပုံအရဆိုရင် နောက်တန်း၄ ယောက်ရှေ့မှာ ဘောလုံးကိုင်ပြီး Direct pass တွေအသုံးပြုကာ  ကွာဒရာဒို ၊ ဗလာဟိုဗစ်တို့ဆီကိုအရောက်ပို့ပေးနေနိုင်တာဖြစ်တဲ့အတွက်  အာဆင်နယ်အတွက်လည်း အံဝင်နိုင်ခြေများတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားအပြောင်းအရွှေ့ဖြစ်လာဖို့ဆိုတာက ကွင်းတွင်းခြေစွမ်းတစ်ခုထဲအပေါ်မှီခိုနေတာမဟုတ်တာကြောင့်ပြောရတော့ခက်ပါသေးတယ်။

လာမယ့်နွေရာသီမှာ အန်ကက်တီးယား၊ အယ်လ်နီနီတို့ကို အသင်းကနေ လက်လွှတ်ဖို့ ရှိနေတဲ့ အာဆင်နယ်ဟာ ကွင်းလယ်အင်အားဖြည့်တင်းဖို့အတွက် ကစားသမားအများအပြားဖို့ ခေါ်ယူဖို့ သတင်းထွက်နေတာဖြစ်ပါတယ်။ အသက်၂၅နှစ်အရွယ် အာသာမယ်လိုဟာ အာဆင်နယ်ရဲ့ အ၀ယ်စာရင်းထဲမှာ ထပ်မံပါ၀င်လာခဲ့တာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်နှစ်က အီတလီကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ၅၈ပွဲ ပွဲထွက်ခွင့်ရထားတဲ့ မယ်လိုဟာ ဂျူဗင်တပ်နဲ့ စာချုပ်တမ်း ၃နှစ်ကျန်ရှိနေသေးတာဖြစ်ပါတယ်။  အငှားနဲ့ခေါ်ယူစမ်းသပ် ၊ ပြီးမှ အပြီးသတ်ခေါ်ယူ ဆိုတဲ့ပုံစံနဲ့ အလုပ်လုပ်နေခဲ့တဲ့ အာဆင်နယ်ကွင်းလယ်ဟာ စီဘယ်လော့မှာ  အလုပ်မဖြစ်ခဲ့ပေမယ့်   အိုဒီဂတ်မှာတော့ အကျိုးများစွာခံစားနေရ​တာကိုတွေ့ရပါတယ်။  ဒီ ဘရာဇီးသားဟာ  လီယွန်နယ်မက်ဆီရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ဖူးသူဖြစ်ပြီး  ပင်ကိုယ်ခြေစွမ်းခြေစကတော့ ပြောစရာသိပ်မရှိပေမယ့် အောင်မြင်တယ်ဆိုတဲ့အခြေအနေတစ်ခုကိုရောက်ဖို့ကတော့ ကံကောင်းမှုအချို့လိုအပ်နေတာဖြစ်ပါတယ်။

အာဆင်နယ်တို့ ဘာလုပ်မလဲ။ အာတီတာအနေနဲ့ တလှမ်းခြင်းတိုးပြီးသေချာမှ အပြီးသတ်စာချုပ်မယ်ဆိုတဲ့ စိတ်ထားရှိမယ်ဆိုရင်တော့ မယ်လိုကို အငှားနဲ့အရင်ခေါ်တာပိုကောင်းမယ်ထင်ပါတယ်။

Footy Extras ၏ ခွင့်ပြုပေးသော သတ်မှတ်ပုံစံကိုလိုက်နာ၍ ပြန်လည်ကိုးကားတင်ပြပါသည်။

Original article here,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: