အေစီမီလန်အသင်းက စိတ်ဝင်စားနေတဲ့ ဗီလာကွင်းလယ်က လူငယ်ကစားသမား ကာနေး ချူကွယ်မီကာဟာ သူ့ကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာကိုကျော်လွန်ပြီး အေစီမီလန်နဲ့ ပို ပူးပေါင်းချင်နေတယ်လို့ Gazzetta dello Sport မှာဖော်ပြလာပါတယ်။ မီလန်တို့ကလည်း ဒီကစားသမားလေးကို သဘောကျနေပေမဲ့ ဘာစီလိုနာကပါ စိတ်ဝင်စားနေလို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခေါ်ယူရမယ်လို့ ယူဆထားတာပါ။
အေစီမီလန်ဟာ အသင်းရဲ့ကွင်းလယ်အင်အားလျော့နည်းသွားမှုကို လိုင်လီက ရီနာတို ဆန်းချက်ဇ်ကို ခေါ်ယူပြီး ဖြည့်တင်းဖို့ ကြိုးစားခဲ့ပေမဲ့ အဲဒီကစားသမားအတွက် လိုင်လီနဲ့သာ သဘောတူညီမှုရခဲ့သော်လည်း ကစားသမားရဲ့ အေးဂျင့်က လစာ အများအပြားတောင်းဆိုနေမှုကြောင့် အဆင်မပြေဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဆန်းချက်စ်ဟာ အခုဆိုရင် ပီအက်ဂျီအသင်းနဲ့နီး စပ်သွားပြီလည်း ဖြစ်ပါတယ်။
ချူကွယ်မီကာကတော့ အသက် ၁၈ နှစ်သာရှိသေးပြီး ဗီလာအကယ်ဒမီကနေ ထွက်ပေါ်လာတာ မကြာသေးပေမဲ့ ခြေစွမ်းကောင်းမွန်တာကြောင့် ဥရောပအသင်းကြီးတွေကပါ စောင့်ကြည့်တာခံနေရတဲ့ အင်္ဂလန်သားဖြစ်ပါတယ်။ ဒီကစားသမားအ တွက် ဗီလာနဲ့ မီလန်တို့ ဆွေးနွေးနေတယ်လို့ ယူဆရပြီး ကမ်းလှမ်းမှု ပေါင် ၁၅ သန်း ဝန်းကျင်လောက်နဲ့ ရနိုင်တာမို့ အသင်း အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ။
Leave a Reply