အူဘာ မပါဝင်နိုင်တဲ့အကြောင်းကို ရှင်းပြခဲ့တဲ့ အာတီတာ
ဆောက်သမ်တန်နဲ့ ပွဲမှာ မပါဝင်ခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်နဲ့ပတ်သတ်ပြီး အာတီတာက အခုလိုပဲရှင်းပြပါတယ်။
အသင်းမှာ ဘယ်သူ့ကိုမဆို လုံးဝအလျှော့ပေးလို့မရတဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေရှိပါတယ်။ ကျွန်တော်တို့အသင်းရပ်တည်မှုအတွက်အလွန်အရေးကြီးတဲ့အရာတွေဖြစ်ပါတယ်။ အူဘာဟာစည်းကမ်းပိုင်းဆိုင်ရာပြသနာအချို့ရှိခဲ့ပါတယ်။ ဒါကြောင့် သူမပါဝင်နိုင်ခဲ့တာပါ လို့ဆိုခဲ့ပါတယ်။ အူဘာမီယန်အနေနဲ့ ခရီးလွန်နေခဲ့တာလို့သိရပြီး လေ့ကျင့်ရေးကိုလည်း ရောက်မလာခဲ့သလို အကြောင်းကြားခြင်းလဲ မရှိခဲ့ဘူး လို့ သိရပါတယ်။
မာတင်နယ်လီကို ချီးကျူးသူနောက်ထပ်တစ်ယောက်
အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်ကနေ ဝင်ရောက်ကစားပေးရင်း ခြေစွမ်းပြသနိုင်ခဲ့တဲ့ မာတင်နယ်လီကို မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ် ကလည်းအခုလိုချီးကျူးသွားပါတယ်။
သူ့ကို သိပ်သဘောကျတယ်ဗျာ .. သူက လုံးဝမတူခြားနားတဲ့ပုံစံနဲ့ကစားပြသွားခဲ့တာပါ လို့ ပွဲအပြီး Optus Sport နဲ့ တွေ့ဆုံရာမှာပြောသွားခဲ့တာပါ။ မာတင်နယ်လီဟာ အားအင်အပြည့်ကစားသွားခဲ့ပြီး အူဘာမီယန်အစားသူ့ကို ပွဲများများထည့်သွင်းကစားဖို့ ပရိတ်သတ်တွေကလည်းတောင်းဆိုခြင်းခံနေရသူဖြစ်ပါတယ်။
ရီးရဲ ရဲ့ ဗက်စ်ကေးကိုလည်း အာဆင်နယ်စိတ်ဝင်စား
El Nacional ရဲ့နောက်ဆုံးဖော်ပြလာချက်အရ ရီးရဲတို့ရဲ့တိုက်စစ်မှုး လူးကပ်စ်ဗက်စ်ကေး ကို အာဆင်နယ်အသင်းက ဆောင်းရာသီမှာခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၂၉ နှစ်သားကို ကာလရှည်စိတ်ဝင်စားခဲ့တာလို့လည်းသိရပြီး ကစားသမားအနေနဲ့လည်း ပုံမှန်တစ်နေရာ ရဖို့သေချာတဲ့အသင်းကို ရွေးချယ်မှာဖြစ်ကြောင်း အဆိုပါသတင်းက ဆိုပါတယ်။ ဗက်စ်ကေး ဟာ မက်ဒရစ်တို့အတွက် ၂၅၆ ပွဲကစား ၊ ၅၄ ကြိမ် ပံ့ပိုးပေးနိုင်ခဲ့ပြီး ၂၇ ဂိုးသွင်းပေးထားသူလဲဖြစ်ပါတယ်။
ဒန်းနစ်ကို စိတ်ဝင်စားသူထဲမှာ အာဆင်နယ်လဲပါတယ်ဆိုလာပြန်
လက်ရှိခြေစွမ်းပြနေတဲ့ ဝက်ဖို့ဒ်တိုက်စစ်မှုး အီမန်နူယယ် ဒန်းနစ်စ်ကို မန်ယူနဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ သူ့ရဲ့ ကိုယ်ရံတော် ဒရူးအူးယီ ကပြောကြောင်း Footy Extra က ရေးသားလာပါတယ်။ ဘရုဂေးတိုက်စစ်မှုးဟောင်းဟာ ဒီရာသီမှာခြေစွမ်းပြနိုင်မှုနဲ့အတူ နာမည်ထိုးထွက်လာသူဖြစ်ပြီး ၊ သူက အာဆင်နယ်ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်းလဲ ဖွင့်ဟထားသူဖြစ်ပါတယ်။
ရမ်းစ်ဒေးကို အကြွင်းမဲ့ကောင်းမွန်သူဖြစ်ကြောင်း ရှီးယားရားဆို
ဂန္တဝင်ကြီး အလန်ရှီးယားရားက စိန့်နဲ့ပွဲက ရမ်းစ်ဒေးလ်ရဲ့ စွမ်းဆောင်ရည်ကိုအထူးချီးကျူးလိုက်ပြီး ကစားသမားရဲ့လုပ်ဆောင်ချက် ၊ဆုံးဖြတ်ချက်တွေဟာ အကုန်မှန်ကန်ခဲ့တယ်လို့ Match Of the Day အစီအစဥ်မှာပြောဆိုသွားခဲ့ပါတယ်။ ရှီးယားရားက သူလုပ်သမျှအကုန်မှန်ကန်ခဲ့တာဗျ .. ကာကွယ်မှုတွေကလည်း လုံးဝ ရှယ်ပါပဲ၊ ၁၃ ပွဲကစားပြီး ၇ ပွဲဂိုးမပေးရဘူးဗျာ .. အာတီတာသုံးမယ်လို့ရည်ရွယ်ထားတာထက်ကို ပိုပြီးအသုံးပြုဖြစ်သွားခဲ့ပြီးထင်ပါတယ် လို့ ချီးကျူးသွားခဲ့တာပါ။
ချီးကျူးခံရပြန်တဲ့ အိုဒီဂတ်
အသင်းရဲ့ကွင်းလယ်လူ မာတင်အိုဒီဂတ်ကို ပရိတ်သတ်တွေဟာ ချီးကျူးနေကြပြီဖြစ်ပါတယ်။ စိန့်နဲ့ပွဲမှာ ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ခြေစွမ်းလဲပြနိုင်ခဲ့သလို ၊ ၃ ပွဲဆက်လည်းဂိုးသွင်းယူနိုင်ခဲ့တာပါ။ ပရိတ်သတ်အချို့ကတော့ ကာဇိုလာနဲ့ အိုဇေးတို့နောက်ပိုင်း ခြေစွမ်းကောင်းမွန်တဲ့ ကွင်းလယ်သမားကိုရရှိလိုက်တာဖြစ်တယ်လို့ ဆိုနေကြပါတယ်။
Leave a Reply