M.S.News – ညနေခင်း ဘောလုံးသတင်းများ (24Feb)

ကိန်းကို ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ စပါးတိုက်စစ်မူး ဟယ်ရီကိန်း ကိုနွေရာသီအပြောင်းအရွေ့မှာ အရခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သတင်းအချို့ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် လက်ရှိ ပီအက်စ်ဂျီ အသင်းနည်းပြဖြစ်တဲ့ ယခင် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြ အဖြစ်ခန့်အပ်နိုင်ခဲ့လျှင် ယင်းအပြောင်းရွေ့မှာပိုပြီး ဖြစ်နိုင်ဖွယ်ရှိကြောင်းသိရပါတယ်။  အကယ်၍ ယူနိုက်တက်တို့အနေနဲ့ ကြိုးပမ်းမယ်ဆိုပါက ကိန်းအတွက် ပြောင်းရွေ့ကြေး ပေါင်သန်း (၁၀၀) အသုံးပြုရနိုင်ပြီး တပတ်လုပ်ခလစာ ပေါင် (၃၅၀၀၀၀)ခန့်ကုန်ကျနိုင်ပါတယ်။

ဟာလန်းအတွက်က ဘဏ်တိုက်ဖောက်မယ့်အသင်းများ

ဒေါ့မွန်အသင်းတိုက်စစ်ကစားသမားဟာလန်းကိုခေါ်ယူဖို့အတွက် ဥရောပထိပ်သီးအသင်း( ၅)သင်းက စတင်ချိတ်ဆက်မူများရှိနေပြီလို့ သိရပါတယ်။ ယင်းအသင်းများဟာ ဟာလန်းအတွက် ပြောင်းရွေ့ကြေး အမြောက်အများကို ပေးချေမည့်အပြင်ကစားသမားရဲ့  လုပ်ခလစာကိုလည်း စံချိန်ဖြစ်အောင်ပေးချေသွားဖို့အသင့်ရှိတယ်လို့ဆိုပါတယ်။  ဟာလန်းကိုခေါ်ယူဖို့သတင်းကြီးနေတဲ့အသင်းတွေကတော့  ဘာစီလိုနာ၊ မန်စီးတီး၊ ရီးရဲလ် မက်ဒရစ်၊ ပီအက်ဂျီ အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ဖြစ်ကြပါတယ်။

လိုတာရိုကို ခေါ်ယူဖို့ကြိုးစားနိုင်တဲ့  မန်စီးတီး

အင်တာမီလန်အသင်းဟာ မန်စီးတီးတိုက်စစ်ကစားသမား ဂျီးဆပ် ကိုခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။ ကစားသမားဟာ မန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်း ( ၁၆)လသာကျန်ရှိပြီး ယခုအချိန်ထိစာချုပ်သစ်အတွက်တစုံတရာဆွေးနွေးခြင်းများမရှိသေးဘူးလို့ သိရပါတယ်။  အင်တာမီလန်ကလည်း ရာသီကုန်အပြောင်းအရွေ့တွင် ပြောင်းရွေ့ကြေးသက်သက်သာနဲ့ခေါ်ယူနိုင်မယ်လို့မျှော်လင့်ထားပြီး မန်စီတီးအသင်းဖက် ကလဲ ယင်းအခွင့်အရေးကိုအသုံးချကာ အင်တာမီလန် တိုက်စစ်မှုး လိုတာရို မာတီနက်စ်ကိုပြန်လည်ခေါ်ယူဖို့ကြိုးစားဖွယ်ရှိတယ်လို့ ရေးသားနေကြပါတယ်။

အီလန်ဂါအတွက် ကမ်းလှမ်းမှုများစွာရရှိထားတယ်လို့  ရင်းနစ်ပြော

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့  လူငယ်ကစားသမားအီလန်ဂါကို ရာသီကုန်မှာ အသင်းကနေ အငှားနဲ့ထွက်ကစားဖို့  အကြိုသဘောတူညီမူ ရရှိထားပြီဖြစ်ကြောင်းနည်း ပြရင်းနစ်ကအတည်ပြုပြောကြားလိုက်ပါတယ်။ အက်သလက်တီကိုနဲ့  ပွဲအပြီးအင်တာဗျူးမှာ  ရင်းနစ်က ကစားသမားတွေအနေနဲ့ အီလန်ဂါကိုအတုယူသင့်ပါတယ်။ သူ့မှာဘာမှမရှိပါဘူး .. ရိုးရိုးရှင်းရှင်းနေထိုင်ပြီး သူ့ရဲ့အိမ်မက်အသင်းအတွက် နေ့ရောညပါစိတ်ထည့်ပြီး လေ့ကျင့်ကြိုးစားနေသူတယောက်ဖြစ်ပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အငှားကမ်းလှမ်းမှု တချို့ရရှိထားပါတယ်။ သူကိုယ်တိုင်ကလဲ အဲ့ဒီအတွက်စိတ်လူပ်ရှားနေပါတယ်  “  ပြောကြားသွားခဲ့ပါတယ်။

အသင်းပြောင်းသွားတဲ့ ရှာကီရီ 

လီဗာပူးကစားသမားဟောင်း ရှာကွီရီဟာ  လိုင်ယွန်အသင်းမှနေ၍  MLS ကလပ်အသင်းတခုဖြစ်တဲ့  ချီကာဂိုဖိုင်းယားအသင်းကို ပြောင်းရွေကြေးယူရို (၇)သန်း ဝန်းကျင်နဲ့ပြောင်းရွေ့သွားကြောင်းသိရပါတယ်။ အ သက် (၃၀)အရွယ် ဆွန်ဇလန်နိုင်ငံသားဟာ ဘေဆယ်လ်အကယ်ဒမီထွက်ကစားသမားတဦးဖြစ်ပြီး အင်တာမီလန်၊ဘိုင်ယန်၊လီဗာပူးအသင်းတို့မှာကစား ခဲ့ဖူးပြီး MLS မှာလဲကစားဖို့ ယခင်ကတည်းက စိတ်ကူးရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ပြင်သစ်မှာ တစ်ရာသီကစားခဲ့ပြီး (၂)ဂိုးသွင်းကာ ဂိုးဖန်တီးမူ (၃)ကြိမ်သာပြုလုပ်ထားနိုင်ခဲ့ပြီး ပွဲထွက် ခွင့်ရဖို့ရုန်းကန်နေရတာကြောင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ပရိတ်သတ်ကြိုက်လူငယ်လေးတွေကို အတူတူပွဲထုတ်လာဖွယ်ရှိတဲ့အာတီတာ

ပရိတ်သတ်တွေသဘောကျနေတဲ့ လူငယ်ကစားသမားတွေကို အတူတူပွဲထုတ်မှာလားဆိုတဲ့မေးခွန်းကို အာတီတာက အခုလိုပဲဖြေကြားပေးခဲ့ပါတယ်။

“  သူတို့  (ဆာကာ ၊ စမစ်ရိုး ၊ မာတင်နယ်လီ၊ အိုဒီဂတ်) တို့အတူတူကစားဖူးကြပါတယ်။ အီမီးလ် က ဘယ်စွန်မှာလဲ ကစားနိုင်တယ်လေ။  ကျွန်တော်လဲ တကယ်ကို ဦးနှောက်ခြောက်ရပါတယ်။ သူတို့အားလုံးက ပါဝင်ကစားချင်ကြတယ်။  လေ့ကျင့်ရေးကွင်းမှာလဲအကောင်းဆုံးပုံစံတွေကိုပြသကြတယ်။ ဒါပေမယ့်  ကွင်းထဲမှာကတော့  ၁၁ ယောက်ပဲကစားခွင့်ရှိနေတာမဟုတ်လား “ 

ပရိတ်သတ်တွေကတော့ အဆိုပါကစားသမားတွေကို အတူတူမြင်ရဖို့မျှော်လင့်နေကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: