အီယန်ရိုက်ကတော့ နော်ဝေသား အိုဒီဂတ်ရဲ့ လက်ရှိပြသနေတဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး အခုလိုပဲပြောပြလာပါတယ်။
“ အသင်းရဲ့ ကစားပုံက တော်တော်လေးတည်တည်ငြိမ်ငြိမ်ရှိနေပါတယ်။ အိုဒီဂတ်ရဲ့ အခန်းကဏ္ဏကလည်း ဒီအချက်အတွက်ကြီးမားတဲ့သက်ရောက်မှုရှိနေပါတယ် “ လို့ BBC ရဲ့ Match Of the Day အစီအစဥ်နဲ့တွေ့ဆုံရာမှာ ပြောကြားလာတာဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင်ကြီးအပါအဝင် Pundit အများစုက အိုဒီဂတ်ကို ဝိုင်းပြီးချီးကျူးနေကြတာက အခုလပိုင်းတွေမှာထူးဆန်းတဲ့သတင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် အီယန်ရိုက်ရဲ့ ချီးကျူးမှုကတော့ “ ကောင်းပါတယ် “ ဆိုတဲ့ ယေဘူယျဆန်တဲ့စကားတင်မကပဲ တိကျတဲ့မှတ်ချက်တစ်ခုပါဝင်နေတာဖြစ်ပါတယ်။
“ ကျွန်တော့်အမြင်တော့ အာဆင်နယ်အသင်းမှာ Play Maker တစ်ယောက်ပြန်မွေးဖွားလာခဲ့ပြီဗျ၊ ကျောနံပါတ် ၁၀ ရဲ့ အခန်းကဏ္ဏနဲ့ လုပ်ဆောင်ချက်တွေကို ခင်ဗျားတို့အားလုံးသိကြမှာပါ၊ အိုဒီဂတ်ရဲ့ နေရာယူပုံ ကစားပုံတွေက တကယ့်ကိုတည်ငြိမ်လွန်းလှပါတယ် .. ကျွန်တော်ပြောဖူးပါတယ်။ သူက မပြာဘူးဗျ “
“ ခင်ဗျားလိုချင်တာလဲ ဒါပဲဗျ … ကျွန်တော်တို့အားလုံး ကွင်းလယ်ကစားသမားတစ်ယောက်ဆီကနေလိုချင်တာ အဲ့တာပဲ။ တစ်ကွင်းလုံးကို အကျိုးသက်ရောက်မှုကောင်းကောင်းပေးနိုင်တဲ့အရာတစ်ခုကို သူယူလာတယ် .. အဲ့တာပဲ “ လို့ တိတိကျကျမှတ်ချက်ပြုခဲ့တာပါ။
စပိန်သတင်းထောက် ဟက်တာ အင်ဒရေ ကလည်း အိုဒီဂတ်ဆီကနေ ကိန်းဂဏန်းတွေသာမကပဲ ပြိုင်ဖက်တွေကြောက်နေရတဲ့ ခံစားချက်ကိုပါရရှိစေတယ်ဆိုပြီး ပြောဆိုထားပါတယ်။ နော်ဝေသားဟာ အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ၅ ဂိုးသွင်း ၄ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။
အီယန်ရိုက်ကပဲ “ အိုဇေးလ်ဆီကနေ အခုလိုကစားပုံမျိုးကိုမျှော်လင့်ခဲ့တာပါ။ ရိုးရှင်းတယ် လွယ်ကူတယ်။ သိပ်ကိုလှပတဲ့ကစားဟန်ပေါ့ “ ဆိုပြီး နာမည်ထုတ်ဖော်နှိုင်းယှဥ်ပြောခဲ့ပါတယ်။ ဒါ့အပြင် အိုဒီဂတ်ဟာ လူငယ်တွေအတွက် ကောင်းမွန်တဲ့ နမူနာတွေကို ယူဆောင်လာတယ်လို့လဲဆိုပါတယ်။
“ လူငယ်ကစားသမားလေးတွေက အိုဒီဂတ်လို ကစားသမားတစ်ယောက်ရဲ့ ကစားပုံကို စောင့်ကြည့်တယ်ဆိုပါစို့ .. ရုပ်ပိုင်းဆိုင်ရာ ကစားဟန်တွေကိုပဲဆိုလိုတယ်လို့ မယူဆပါနဲ့ .. သူကအရာအားလုံးကို ရိုးရိုးရှင်းရှင်းနဲ့ ပြီးမြောက်အောင်လုပ်ဆောင်နေတာပါ။ သူဘေးပတ်ပတ်လည်မှာ နေရာလွတ်တွေအများကြီးပါ။ ဒါဟာ သူ့ဆီကနေရလာနိုင်တဲ့ ယုံကြည်ချက်ရှိတဲ့ ခံစားချက်ပါပဲ “
အနှစ်ချုပ်လိုက်ရင်တော့ အိုဒီဂတ်ရဲ့ အချိန်တွေလို့ ဆိုရမယ့်ပုံပါ။ အာတိတာရဲ့ နာမည်ထုတ်ဖော်ချီးကျူးမှုကိုလဲ လက်စတာနဲ့ပွဲအပြီးမှာရရှိထားပါသေးတယ်။ နော်ဝေသားဟာ လန်ဒန်မြို့ခဲ့တွေနဲ့ ကောင်းကောင်းကြီးချိတ်ဆက်နိုင်ခဲ့ပြီလို့ ယူဆရပါတယ်။
Leave a Reply